Arc 2.7

7.2K 743 19
                                    

နတ်ဆိုးလေး❓
နတ်ဆိုးလေးဆိုတာ လူတိုင်း ခေါ်နေကျ နာမည်မျိုးလည်း မဟုတ် .. ရန်ကျင့်တောင် အရမ်းစိတ်လိုလက်ရရှိတဲ့အချိန် အူယားပြီး ခေါ်တာမျိုး သို့မဟုတ် ရန်ကျင့်အပေါ် သူအပြစ်လုပ်ထားလို့ စိတ်အလိုမကျတဲ့အချိန်မှသာ စိတ်ဆိုးပြီးခေါ်သော နာမည် ဖြစ်သည်။ ပိုင်လင်း သူ့ထက် အနည်းငယ် အရပ်ရှည်သော မင်းသားကို မော့ကြည့်ပြီး မျက်နှာမှာ ရင်းနှီးတဲ့ အရိပ်အယောင်တွေများ ရှိနေမလား ရှာကြည့်မိသည်။ စုန့်ရိမင်က သူ့ကို နူးညံ့စွာ ကြည့်နေသည်။ ပိုင်လင်းရင်အစုံ တဒိတ်ဒိတ်နဲ့ ခုန်လာတော့သည်။

ရန်ကျင့် .. တကယ်ပဲ မင်းလား ..

ဘုရင်က ဆုချမယ့် ဓားကို ကိုင်ပြီး တတိယမင်းသားထဲသို့ လျှောက်လှမ်းလာသည်။

"ရှောင်အိုက် ဒီဓားက နယ်နယ်ရရ မဟုတ်ဖူး။ ဓားဝိညဉ်တောင်ထဲက မွန်မြတ်တဲ့ စမ်းရေမှာ အနှစ်နှစ်ထောင် သန့်စင်ထားတဲ့ သတ္တုကို အတော်ဆုံးပန်းပဲပညာရှင်က သွန်းလုပ်ထားတာ။ သွန်လုပ်တဲ့အချိန်မှာလည်း မွန်မြတ်တဲ့ သတ္တုမို့ နှစ်လလုံး သီလဆောက်တည်ပြီး သွန်းလုပ်ရတယ်။ ဒီလိုသွန်းလုပ်ဓားတဲ့ ဓားမှာ ဝိညဉ်အသိစိတ် ရှိတယ်လို့ ပြောတာကြားဖူးတယ်။ ပိုင်ရှင်လည်း ရွေးတယ် ။ သိုင်းပညာလည်း မြင့်ပြီး စိတ်ထားလည်းသန့်စင်မှ ဓားကို ဆွဲထုတ်လို့ ရတယ်။ ပြီးတော့ ဒီလိုဓားရဲ့ သခင်လို့ သတ်မှတ်တာ ခံရရင် (Bond လုပ်ခြင်း) တခြားသူတွေ မသုံးနိုင်တဲ့ စွမ်းအင်မျိုး ရတယ်လို့ ကြားဖူးတယ်။

ကိုယ်တော်က ဆုချတာဆိုပေမယ့် ဒီဓားက သားတော်ကို ရွေးမရွေးဆိုတာကတော့ ကြည့်ရမှာပဲ။ အရင် စမ်းကြည့်ရအောင်"

ရှင်ဘုရင်က အစောင့်မင်းချင်းသုံးယောက်ကို ခေါ်ပြီး ဓားထုတ်စေသည်။ ဓားက ဓားအိမ်ထဲမှ ထွက်မလာ။ ထို့နောက် သိုင်းပညာအဆင့် 5 6 7 သုံးယောက်ကို ခေါ်ပြီး ဓားထုတ်စေသည်။ ထွက်မလာ။ သိုင်းပညာအဆင့်8 ရှိတဲ့ မင်းသားတစ်ကို ခေါ်ပြီး ဓားထုတ်စေသည်။ တထစ်ပဲထွက်လာပြီး ဆက်ထုတ်၍ မရ။

"အို ပထမမင်းသားတောင် ထုတ်လို့ မရဘူးတဲ့လား"
"သိုင်းပညာ အဆင့်8 တောင် ရှိတာကိုလေ"

The Stranger I love (System)Where stories live. Discover now