Arc 4.10

1.6K 240 25
                                    

"ခေါင်းဆောင် .. နေသန်ကလက်ခ်က တွေ့ခွင့်တောင်းပါတယ်"
"ဝင်လာခိုင်းလိုက်"

နေသန်က လက်နောက်ပစ်လျှက် အေးအေးဆေးဆေး လျှောက်ဝင်လာသည်။ နှုတ်ခမ်းမှာလည်း ထုံစံအတိုင်း မြင်သူတိုင်း ကြွေကျလောက်စေသော အပြုံးသေးသေးလေးကို ချိတ်ဆွဲထားသည်။ Vex ခေါင်ဆောင်က နေသန့်ကို ဒုတိယအကြိမ်တွေ့တာဖြစ်ပေမယ့် ခေတ္တငေးသွားသည်။

နေသန်က စုတ်စုတ်ချာချာနှင့် ဖုန်တလိမ်းလိမ်းနဲ့တုန်းကတောင် တခါမြင်လျှင်တောင် မမေ့နိုင်လောက်တဲ့ ရုပ်ရည်ရှိတာ ယခု မုတ်ဆိတ်ကျင်စွယ်များ မရှိပဲ သပ်သပ်ရပ်ရပ်ဝတ်စားထားတော့ ပိုပြီးတောင် ကြည့်ကောင်းလာသည်။ သို့ပေမယ့် သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုက စိတ်ကူးယဉ်မဆန်ခဲ့။

နေသန်က တည့်တိုးပဲ ပြောသည်။
"ကျနော် ခင်ဗျားရဲ့ အကူအညီ လိုအပ်တယ်"

ခေါင်းဆောင်က ပြုံးယောင်သန်းလာပြီး
"ဘယ်လို အကူအညီမျိုးလဲ"

"ကျနော်တို့ အဖွဲ့ ဒီမှာ ခိုလှုံချင်တယ်။ ရိက္ခာအတွက် ကျနော် ပေးနိုင်ပါတယ်။ အချိန်နည်းနည်းပဲ စောင့်ပေးပါ။ ဖြေဆေးထုတ်ဖော်ပြီး ရိက္ခာနဲ့ လဲလို့ရတာနဲ့ ဆတိုး ပေးပါ့မယ်"

"မင်းနဲ့ အပေးအယူကို ငါစိတ်မဝင်စားဘူး။ ငါတို့က စွမ်းအားရှင်တွေ။ ဖြေဆေး ပေါ်လာရင် ငါတို့ကို လိုအပ်မှု နည်းလာမယ်။ ဖြေဆေးကို ထုတ်ဖော်ဖို့ ကူညီယောင်ပြပြီး ဖျက်ဆီးခဲ့ဖို့တောင် မှာလိုက်တာ။ အိန်းဒရူးက ခုတော့ ငါ့စကားနားမထောင်ပဲ လုပ်ချင်ရာလုပ်လာတဲ့အပြင် လူတွေပါ ခိုလှုံဖို့ ခေါ်လာသေးတယ်။ ဘယ်လိုဦးနှောက်နဲ့ တွေးနေမှန်း စဉ်းစားလို့ မရဘူး"

"ဟမ် ... ??  "
နေသန် အနည်းငယ် ကြောင်တက်သွားသည်။ ဒါက သူမျှော်လင့်မထားတဲ့ အခြေအနေဖြစ်ပြီး ခေါင်းဆောင်က ဥာဏ်ကောင်းသူတဦးလို့ သူထင်ထားပေမယ့် အတွေးအခေါ်က ချော်ထွက်နေသည်။ ပုံမှန်ဆို သူ့လို ရွှေဥအမြဲဥပေးနိုင်တဲ့ ဘဲကို ဘယ်သူက မလိုချင်ပဲ နေမှာလဲ။

The Stranger I love (System)حيث تعيش القصص. اكتشف الآن