Arc 3.9

4.3K 618 36
                                    

Shou နဲ့ Hanzo တို့ရဲ့ တိုက်ပွဲကြောင့် တော်သော ကျွမ်းကျင်သော လိမ္မာပါးနပ်သောထိပ်တန်း ကစားသမားအချို့ Light ကို ဝင်ရောက်လာသည်။ အဖွဲ့ငယ် နှင့် Guild အတော်များများလည်း Light ကို ပူးပေါင်းလာသည်။ Guild အကြီးထဲမှာ Chiyo Iku အပါအဝင် တောင်ဘက် တခြမ်းလုံးက Guildများနှင့် အရှေ့ဘက်အခြမ်းကိုကာကွယ်ပေးသော အဖွဲ့နှစ်ဖွဲ့လည်း ပူးပေါင်းလာသည်။ ထို့ပြင် Light က ထုတ်ပြန်ပေးသမျှ သတင်းတိုင်းက မှန်ကန်တိကျပြီး အကျိုးရှိသည်မို့ ဗဟိုသတင်းဌာနတစ်ခုလို ဖြစ်လာသည်။

Boss lvl က မြင့်သည်ထက် ပိုပိုမြင့်လာပြီး အကောင်းဆုံး player များ ပူးပေါင်း တိုက်ခိုက်နေတာကိုပင် တနေ့ထက် တနေ့ ပိုပို ခက်ခဲလာသည်။ အချို့ lvl နိမ့် player များမှာ မတိုက်ခိုက်ရဲတော့ပေ။

Kou က skill မြင့်ပြီး အချင်းချင်းနားလည်မှုအရှိဆုံးသော player များကို Shou လက်အောက်မှာ Special Force အဖြစ် စုစည်းပေးသည်။ စုစည်းရာတွင် ဘယ်Guild မှ လာသည်ကို မကြည့်ပဲ ထိုသူရဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကိုသာကြည့်၍ ဆုံးဖြတ်သည်။ ၄င်းအုပ်စုက အားလုံးအတွက် စွန့်လွှတ်တိုက်ခိုက်ပေးရပြီး ကျန်သူများက လိုအပ်သော ပစ္စည်းများ ထောက်ပံ့ကူညီရသည်။

"Shou နေ့ခင်းစာရပြီ"
"အွန်း လာပြီ။ ခဏ"
အဖွဲ့သားအားလုံးက ယခင်က Kou ကိုကြောက်စရာအကောင်းဆုံး လူသားဟု ထင်ခဲ့သော်လည်း ယခုမူ Kou ကိုပဲ မျှော်နေမိတော့သည်။ အဘယ့်ကြောင့်ဆိုသော် Shou က အလုပ်လုပ်လျှင် ထမင်းမေ့ ဟင်းမေ့ဖြစ်တတ်ပြီး Shou ရဲ့ ဂိမ်း Stamina (သက်လုံ)က ခံနိုင်ပေမယ့် သူတို့ရဲ့ Staminaက နည်းနေတဲ့အတွက် ပင်ပန်းသည်ဟု ခံစားရသည်။ Kou က လာလျှင် Shou က နားချိန် ပေးတတ်သည်လေ။ 

Shou က အရည်အချင်းစစ်ထားတဲ့ Notes တွေ ကြည့်နေသည်မို့ Kou က
"Shou .. ထမင်း အရင်စားကွာ"
"အွန် ပြီးပြီ ခဏပဲ"
"Shou မင်းအဲ့လို လုပ်နေရင် ငါဆိုနိုကိုပဲ ပြန်လွှဲပေးလိုက်တော့မှာနော်"

Shou က Notes တွေ ချပြီး Kou ရဲ့ ပါးကို ဆွဲလျှက်
"ချစ်စရာကောင်းတယ်" ဟုဆိုကာ နေ့လည်စာ စားတော့သည်။  Kou လက်ထဲမှ တူတစုံ လွတ်ကျသွားသည်။ အခု သူ Flirt ခံလိုက်ရတာလား။ ဒါကြီးက မဟုတ်သေးဘူးနော်။ Shou က သူ့ထက် တော်တယ် ဆိုပေမယ့်လည်း ... ။

The Stranger I love (System)Where stories live. Discover now