Arc 1.14

6.5K 783 7
                                    

"အားကျင့် .. ငါတို့ မူပိုင် အရင် တင်ရအောင်"
"အိုခေ .. ကိုယ်လုပ်လိုက်မယ်"
"ရှေ့နေနဲ့ တိုင်ပင်ပြီး နောက်ဖြစ်လာမယ့် လိုအပ်မယ် ထင်တာတွေပါ ပြင်ထားပေးပါ .. မူပိုင်မှာ ငါ့နာမည် မထည့်ပါနဲ့"
"ဒါက ဘယ်လိုလုပ်ဖြစ်မှာလဲ လေ့ .. ဒီနည်းပညာက မင်းပိုင်တာလေ .. ကိုယ်တို့က ဘေးကကူရုံပဲ ရှိတာ ..  တကယ် Develop လုပ်ခဲ့တာက မင်းလေ"
"ဒီမူပိုင်ခွင့်ကို မင်းကို ပေးမယ်"
"မရဘူး လေ့မပါရင် ကိုယ်မလုပ်ဖူး"
"အားကျင့် ပြောစကားနားထောင်ကွာ နော်"
"...... " ခေါင်းမာစွာ တဖက်လှည့်သွားတာကြောင့်  ရန်ကျင့်ရှေ့သွားပြီး ဒူးကွေးထိုင်ကာ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍

"နားထောင် အားကျင့် .. ဒီကိစ္စက နောင်တချိန်မှာ အချင်းများစရာ ဖြစ်လာနိုင်တယ် .. တရားရုံး သွားရနိုင်တယ် .. ငါ .. ငါက .. တရားရုံးသွားရတာ ကြောက်တတ်တာမို့ ကူညီပေးပါ .. ဒီကမ္ဘာမှာ ငါအကြွင်းမဲ့ယုံတာ မင်းတယောက်ထဲ ရှိတာမို့ "
ရန်ကျင့် ဟုန်လေ့ကို စိုက်ကြည့်နေသည် ..
ပြီးမှ ခေါင်းညိတ်လက်ခံလိုက်သည် ..

လေ့က သူ့ကို အကြွင်းမဲ့ယုံတာတဲ့လား
ဒီကမ္ဘာမှာ တယောက်ထဲ ရှိတာတဲ့လား .. သူ့စကားသူ ဘယ်လောက်ထိရောက်သွားမှန်း မသိတဲ့ ဟုန်လေ့မှာတော့ ရန်ကျင့် ဖြစ်နေတာတွေ သတိမထားမိပဲ .. လက်ကိုင်ကွင်းလေး ကျိုးသွားသော coke တဗူးကို အသည်းအသန်ဖွင့်သောက်နေသည် ..

ဒါပေါ့ ရန်ကျင့်က သူ့ကိုအရင် ယုံကြည်ပေးခဲ့တာကြောင့် ရန်ကျင့်ကိုလည်း အပြန်အလှန်အားဖြင့် သူယုံသည်လေ

ဟုန်လေ့အရင်ဘဝက ခါးသီးတဲ့အတွေ့အကြုံတွေကြောင့် တရားရုံးကို မုန်းသည် .. သူ့ရဲ့ ပျက်စီးခြင်းတွေက တရားရုံးမှာ စခဲ့တာကြောင့် နောက်တခေါက် တရားရုံးလို နေရာမျိုးကို ပြန်မသွားချင်ပေ ..

ရှင်း Host ကို ကြည့်ပြီး မျက်လုံးသာ လှန်မိသည် .. ယုံတာက တပိုင်း ရုံးမသွားချင်လို့ မူပိုင်ခွင့်ပေးတာကတပိုင်း .. Host တတ်လည်း တတ်တယ် .. သူလုပ်တာနဲ့ ဟိုမောင်မင်းကြီးသားက ရူးတော့မယ်
..........................

'Host ဇာတ်ကြောင်း ပြောင်းသွားပါပြီ သတိထားပါ'
'အယ်လယ် ရှင်းက ငါမမေးပဲ သတိတွေဘာတွေ ပေးလို့
ဘယ်တုန်းက ဂရုစိုက်တတ်သွားတာလဲ '
'......'  ရှင်း .. Host ကို အကြည့်စူးစူးတချက် မျက်စောင်းထိုးကြည့်ကာ တာဝန်ရှိသည့်အတိုင်းသာ ဆက်ရွတ်သွားသည် .. 

The Stranger I love (System)Where stories live. Discover now