Arc 3.14

3.3K 388 19
                                    

"Hikari ကိုယ် ဒီနေ့ မင်းကို သိမ်းပိုက်လို့ရလား"
"ဟင့်အင်း"
"ကိုယ့်နဲ့နေဖို့ ဘယ်လောက်ထိ ငြင်းနေဦးမှာလဲ"
"နှစ်ပတ် .. မဟုတ်ဖူး သုံးပတ်ပဲ .. သုံးပတ်ပဲစောင့်" လက်ချောင်းလေးများ ထောင်ကာ အနည်းငယ်လန့်နေပုံရပြီး အသည်းအသန်ငြင်းနေသည်။

လက်စွပ်ကျ လက်ခံပြီး လက်ထပ်ဖို့ကို အစဖော်တောင် ပြောမရ။ လက်ရဲ ဇက်ရဲနှင့် ကြောက်ခြင်း ရှက်ရွံ့ခြင်းအလျှဥ်းမရှိပဲ ရဲရင့်ပြီး အေးဆေးတည်ငြိမ်တဲ့ Shou က လက်ထပ်ဖို့ကိုတော့ပြောမရပဲ အချိန်ဆွဲနေသည်ကို Kou နားမလည်ခဲ့။ အခုတော့ ခပ်ရေးရေး သဘောပေါက်လာသည်။

ယခင်ကစကားအသွားအလာနဲ့ အခြေအနေများကို ဆက်စပ်ကြည့်လိုက်တော့ .. ဟက် ..  Shou က ခြေထောက် ပြန်ကောင်းအောင် စောင့်နေတာပဲ။ ဒါကြောင့် အခုပြောလိုက်တဲ့အခါ သူ့နေရာမှန်ကို သဘောပေါက်သွားပြီး အသည်းအသန်ငြင်းနေတာ။ သောက်ကလေးလေး။

ဟုတ်သည်။ Kou ကိုယ်တိုင်က အများရှေ့မှာ တည်ငြိမ်သလောက် ကလေးနဲ့ ပက်သက်တဲ့ကိစ္စတွေမှာ စိတ်လှုပ်ရှားလွယ်သည်။ ကလေးနဲ့ ပက်သက်လျှင် အတိမ်းအစောင်း အမှားအယွင်း မရှိချင်။ ကလေးရဲ့ မိဘနဲ့ အသိုင်းအဝိုင်းပေါ်မှာတောင် မိမိကြောင့် မျက်နှာတချက် မပျက်စေချင်။ ထို့ပြင် မိမိက အရမ်းဖက်တွယ်ခဲ့တော့ ကလေးက သူ့နေရာကို နားလည်မှုလွဲသွားဟန်တူသည်။

Kou က Shou ကို နှာခေါင်းလေးညှစ်လိုက်ပြီး
"အင်းပါ ကလေးစားဖို့ ကိုယ်တခုခုလုပ်လိုက်ဦးမယ် ခဏလေးစောင့်နော်"
"အွန်း ကျနော့ယောကျာ်း အကောင်းဆုံးပဲ"
လက်မလေးနှစ်ချောင်းထောင်လျှက် မြူးမြူးလေး ပြန်ပြောသည်မို့ စိတ်အေးသွားပြီး ဆံပင်တွေ ထိုးဖွပစ်လိုက်သည်။ အင်္ကျီအဖြူကို လက်မောင်းထိ ခေါက်တင်လိုက်ပြီး လိုအပ်သည့် ပစ္စည်းများထုတ်ကာ ရေဆေးလိုက်သည်။

"ကျနော် ဘာကူပေးရမလဲ"
"haha ဘာမှ မလုပ်တတ်ပဲ လောကွတ်ချော်နေပြန်ပြီ .. ရော့ ဒါပဲလုပ်ပေး" ဟုဆိုကာ ရယ်လျှက် ပါးကိုသာ Shou ရှေ့သို့ထိုးပေးလိုက်သည်။
"ဟီး .. မွ .. "

ထို့နောက် Shou က ဝှီးချဲကို လှည့်ပြီး ရေခဲသေတ္တာထဲ ဘာရှိလဲ မွှေနေရင်းမှ
"ကျနော့ယောကျာ်းက မီးဖိုချောင် ဝင်နေရင် အခန့်ညားဆုံးပဲ" ဆိုပြီး လူကိုလည်း မကြည့်ပဲ အော်ပြောနေသေးသည်။ Kou ခေါင်းကိုသာ ခါရမ်းမိသည်။ ဘယ်လိုတောင် လွဲချော်သွားတာလဲ။

The Stranger I love (System)Where stories live. Discover now