Arc 3.6

4.5K 613 28
                                    

Aki နဲ့ ပြောနေစဉ်မှာပင် Blade နှင့် အဖွဲ့သားများ ရောက်လာသည်။ သူတို့သည်လည်း Shouရဲ့ တိုက်ခိုက်မှု စွမ်းရည်ကို သိချင်ကြသည်မို့ Report ပြီးပြန်ရမည် ဖြစ်ပေမယ့် စောင့်ကြည့်နေကြသည်။

"အကို့ ဓားရော .. ဟုတ်သားပဲ .. အကို့မှာ နှစ်ဖက်ဓားမှ မရှိတာ .." ပြောပြောဆိုဆို Aki က ဘုံသိုလှောင်ခန်းထဲက အကောင်းဆုံး ဓားကို ရှာပြီး ပေးသည်။

Shou က ပြုံးကာ အေးအေးဆေးဆေးပုံစံမျိုးနဲ့
ယူလိုက်ပြီး
"စ" 

Aki က ပြေးဝင်လာပြီး ကြက်ခြေခတ်သဏ္ဍန် နှစ်ချက် ခုတ်ချသည်။ ရှေ့ဆင့်နောက်ဆင့်ဆိုပေမယ့် အရမ်းမြန်လွန်းတာမို့ တပြိုင်နက်တည်းဟုပင် ထင်ရသည်။ Shou က ဘယ်အချိန်က လက်ဟန် ပြောင်းသွားမှန်းမသိ ပွဲစသည်နှင့် ရိုးရိုး ဓားကိုင်သည့်ဟန်မှ နှစ်ဖက်ဓားကိုင်သည့် ဟန်သို့ ချက်ချင်းပြောင်းသွားကာ တဖက်က ကာလိုက်ပြီး နောက်တဖက်က ချက်ချင်း ထိုးစစ် ဆင်သည်။ 

Akiက လူငယ်ပေမယ့် တိုက်ရည်ခိုက်ရည်ကျ လျှော့တွက်၍ မရပေ။ လျှင်မြန်စွာ လေးညှို့မှ ထွက်သော မြှားသကဲ့သို့ ခုန်ပျံလာပြီး ဘက်ပေါင်းစုံမှ Shou ကို အဆက်မပြတ်တိုက်ခိုက်သည်။ တနေရာမှ တနေရာ ခုန်ကူးတာ အရမ်းမြန်တာမို့ ရိပ်ခနဲ ရောက်လာလိုက် တချက်လွှဲခုတ်လိုက် ပြီးသည်နှင့် ချက်ချင်း နောက်ဆုတ်ကာ နောက်တဘက်မှ တစ်ခါ ထပ်ပေါ်လာပြီးဝှေ့ရမ်းတိုက်ခိုက်လိုက်နှင့် ဓားရိပ်လူရိပ်များ ထပ်နေသည်။ Assassin class မှာ classအားလုံးထဲမှာ အမြန်ဆုံးမို့ Shou နဲ့ Aki ရဲ့ တချို့ တိုက်ကွက်များကို Kou ပင် ရှင်းရှင်း လင်းလင်း မမြင်လိုက်ရတာမျိုး ရှိသည်။

ဝိုင်းကြည့်နေသော Light အဖွဲ့သားများက ကလေးလိုနေသောAkiကို ဤမျှ ကြောက်စရာကောင်းလိမ့်မည်ဟု မမျှော်မှန်းထားပေ။ လုံးဝ အေးစိမ့်တဲ့ Aura အပြည့်နဲ့ ကျွမ်းကျင်စွာ တိုက်ခိုက်နေသည်မှာ တကယ့် ထိပ်တန်း Assassin ကဲ့သို့ပင်။ ပိုအံ့ဩရသည်က Shou ဆိုသော စီနီယာက Aki ယမ်းကုန် မီးကုန် တိုက်ခိုက်နေသည်ကိုပင် အေးဆေး ခုခံနိုင်နေသည်။

The Stranger I love (System)Where stories live. Discover now