Arc 2.19

5.5K 646 15
                                    

စုန့်လီချင်းက စစ်သူကြီးချုပ် ထျင်လဲ့ကို ခြံရံပြီး အခမ်းအနားသို့ ဝင်ရောက်လာသည်။ စုန့်မင်းကြီးက ဆောင်ဓား၊ တံဆိပ်တုံး၊ နှင့် သရဖူ ဆောင်ပေးပြီး ထီးနန်းအရိုက်အရာကို လွှဲပေးလိုက်သည်။

ပိုင်လင်း၏ အန္တရာယ်ကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ရိမင်နှင့် ပိုင်လင်းက ခပ်လှမ်းလှမ်း လေသာဆောင်မှသာ ကြည့်နေသည်။

ကျင်းမင်းသားက ဝင်လာကတည်းက ထျင်လဲ့ကို  အကဲခတ်နေသည်။ ဖျော်ဖြေရေးများ ပြီးသည့်နောက် နိုင်ငံအသီးသီးမှ သံတမန်များက ဂုဏ်ပြုဆုတောင်းများ ပြောကြားပြီး လက်ဆောင်ပဏ္ဏာများ ပေးကြသည်။ ကျင်းမင်းသား အလှည့်တွင်မူ

"မင်းကြီးစုန့်လီချင်းကို ဂုဏ်ပြုပါတယ်။ ထီးနန်းဆက်ခံမှုအတွက်တင်မက စုန့်နိုင်ငံက ထက်မြက်တဲ့ စစ်သူကြီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ အတွက်ပါ"

"ကျေးဇူးတင်ပါတယ် ကျင်းမင်းသား"
"ဖျော်ဖြေပွဲက ပျင်းစရာကောင်းပါတယ် ငါတို့ ဓားရေးဖလှယ်ကြရင်ရော ဘယ်လိုလဲ .. ဟော ဟိုက စစ်သူကြီး ကိုယ်တော့်ကို အမြင်ကျယ်အောင် တကွက် နှစ်ကွက်လောက် သင်ပြပေးပါလား"

လီချင်းက ပြသနာကို ရှောင်ချင်ပေမယ့် ငြင်းဆန်ခြင်းက ကျင်းမင်းသားကို အရှက်ခွဲလိုက်သလိုဖြစ်ပြီး ရိုင်းပြမိစိုးတာကြောင့် ထျင်လဲ့ကိုသာ မေးဆတ်ပြလိုက်သည်။

ထျင်လဲ့က ထွက်ပြီး အသင့်အနေအထားနှင့် သတိကြီးစွာ ရပ်နေသည်။ တဇွတ်ထိုးဆန်ပေမယ့် ကိုယ်တိုင် တိုက်ခိုက်ခဲတာကြောင့် ကျင်းမင်သားရဲ့ သိုင်းပညာအဆင့်ကို မည်သူမျှ မသိသော်လည်း ကျင်းမင်းသားက အဆင့်9 ဖြစ်သည်။ ကျင်းမင်းသားက စတင် တိုက်ခိုက်လာသည်နှင့် ပိုင်လင်းက

"ရိမင် .. ကိုကို သူ့ကို့ မနိုင်လောက်ဖူး မင်းရှေ့ထွက်ရတော့မယ် ထင်တယ်"

အကွက် နှစ်ဆယ်လောက် ယှဉ်ပြိုင်ပြီးတဲ့နောက် ကျင်းမင်းသားက ရပ်လိုက်ပြီး
"သူမဟုတ်ဖူး"
"ဟမ်"
"ငါ ကိုယ်တော် စုန်-ကျင်း စစ်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့ စစ်သူကြီးကို သိချင်တယ် သူနဲ့ ဓားရေးပြိုင်ချင်တယ်"
"ဒါပေမယ့် .. "
"ဒါပေမယ့် ဘာဖြစ်လဲ .. စစ်ကျတော့ တိုက်ရဲပြီး .. လူလုံးကျ ထွက်မပြရဲဘူးလား"

The Stranger I love (System)Where stories live. Discover now