Arc 2.12

6.3K 716 6
                                    

"ကိုကို စဉ်းစားကြည့်။ စုန့်ရိရန်သာ စစ်ထွက်မယ်ဆိုရင်.. မိဖုရားခေါင်ကြီး အနေနဲ့ နန်းအရိုက်အရာ ဘယ်လိုပဲ လိုချင်ချင် ဆက်ခံမယ့်သူက မရှိဘူး။ သူတို့ ပုန်ကန်ရင်တောင် စုန်ရိရန်ကို ကျနော်တို့ ထိန်းထားလို့ရတယ်။ နောက်ပြီး စုန့်ရိရန် စစ်ပွဲမှာပါလာတဲ့အတွက် သူ့အမေက သူ့သားအတွက် ကိုယ်ရံတော်စစ်သည်တပ်သားတွေ သေချာပေါက် ထည့်ပေးမှာ။

ဒီတကွက်က သူတို့ရဲ့ နန်းတွင်းမှာကျန်ခဲ့မယ့် အင်အားကို လျှော့ပြီးသားလည်း ဖြစ်သွားမယ်။ ပြီးတော့ တဖက်က ပြန်စဉ်းစားရင် စုန့်ရိရန် ပါလာတဲ့အတွက် ကျနော်တို့ဘက်မှာလည်း စစ်သည်အင်အားများသွားမယ်။ မိဖုရားခေါင်ရဲ့ သိုင်းပညာကျွမ်းတဲ့ စစ်တပ်က ကျနော်တို့စစ်တပ်အတွက် အင်အားတစိတ်တပိုင်း ဖြစ်လာမယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပဲ"

ပိုင်လင်းရဲ့ ရှင်းပြမှုအပြီးမှာ ကျန်သုံးယောက် ခေတ္တဆွံ့အသွားသည်။ ရိရန်ကို သုံးဖို့ သူတို့ မစဉ်းစားခဲ့တာ အမှန်ပင်။ ပိုင်လင်းတော်တာလည်း သိပေမယ့် ပိုင်လင်းကို စစ်မြေပြင်ပို့ဖို့ဆိုတာ ပိုပြီးတောင် မတွေးခဲ့ပေ။ တကယ်တော့ ပိုင်လင်းပြောတာ မမှားပေ။ သူတို့လည်း သူတို့ ညီလေးတွေကို စိတ်ပူနေရသလိုမျိုးပဲ .. မိဖုရားခေါင်ကြီးလည်း သူ့ရဲ့သားအတွက် အန္တရာယ်ကင်းအောင် အတတ်နိုင်ဆုံး ပြင်ဆင်ပေးမှာပင်။

"ဒါပေမယ့် ကိုကို ညီလေးကို စိတ်မချဘူး"
ပိုင်လင်းက ပြုံးလိုက်ပြီး ..
"ကိုကို အလောင်းအစားတခုလုပ်မလား ...
ကိုကိုနဲ့ ကျနော် စစ်ဘုရင်(Xiangqi)ထိုးမယ် နိုင်တဲ့သူရဲ့စကား နားထောင်ကြေး"

ခါတိုင်းဆို ပိုင်လင်းနဲ့ ဆယ်ပွဲထိုးရင် ထျင်လဲ့က 7ပွဲနိုင်သည်မို့ သဘောတူလိုက်သည်။

ခါတိုင်းဆို ပိုင်လင်းနဲ့ ဆယ်ပွဲထိုးရင် ထျင်လဲ့က 7ပွဲနိုင်သည်မို့ သဘောတူလိုက်သည်။

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
The Stranger I love (System)Tempat cerita menjadi hidup. Temukan sekarang