|၁၉|

4.6K 996 29
                                    


အခန်း(၁၉)​သေဆုံးရသည့်​အ​ကြောင်းအရင်း

ရှီ​ဝေချုံးမှ ဆက်​​ပြောသည်​။

"ငါ လွန်​ခဲ့တဲ့ရက်​​တွေက
လျန်​ကျွင်းအ​ကြောင်းကို စုံစမ်းခဲ့တယ်
၊သူ့လက်​တွေက မသန့်​ရှင်းရုံတင်​မကဘူး
ရန်​သူ​တွေ အများကြီးလည်း ဖြစ်​​စေခဲ့တယ်​။
ဒါ​ကြောင့်​ သူ့​နောက်​လိုက်​မယ်​ဆို မင်းအတွက်
အန္တရာယ်​များတယ်​"

ရှီကျင်း ရုတ်​တရက်​ အထိတ်တလန့်​​သွားသည်​။
"ကျွင်း​ရှောက်​ကို ထိခိုက်​​အောင်​လုပ်​ချင်​ကြတယ်​?
ဘယ်​သူ​တွေလဲ?"

ရှီကျင်းတုံ့ပြန်​ပုံကို မြင်​​သောအခါ
ရှီ​ဝေချုံးသည်​ သူဆက်​​ပြောမည့်​စကားများကို
ပြန်​မြိုချလိုက်​ရသည်​။နက်​ကတိုင်​ကို
စိတ်​ဆိုးမာန်​ဆိုး ​​​ဖြေလျော့ကာ
လက်​ဖက်​ရည်​တစ်​ငုံ​သောက်​လိုက်​ပြီး အချိန်​ခဏ
စဉ်းစား​နေသည်​။ထို့​နောက်​ ရှီကျင်းအား
စိတ်​ပါ​အောင်​လုပ်​မရမှန်း သ​ဘော​ပေါက်​၍ 
ခေါင်းစဉ်​​ပြောင်းလိုက်​လေသည်​။

"​ရှောင်​ကျင်း,ငါတို့မင်းကိုရှာ​တွေ့တာ
တိုက်​ဆိုင်​လို့ပဲ ဆိုပြီးထင်​​နေတာလား"

ရှီကျင်း အံ့သြသွားသည်​။
"မဟုတ်​ဘူးလား?"

"မဟုတ်​ဘူး၊ ကျိုးကျုံးက အကဗီဒီယိုကို​တွေ့​တော့
မင်းလို့ မသင်္ကာဖြစ်​သွားတယ်​၊ဒါပင်​မဲ့ 
မင်းကအရမ်း​ပြောင်းလဲသွား​တော့
သူလူမှားတာများလားဆိုပြီး အာ့ထင်​ကို
ဆက်​သွယ်​လိုက်​တယ်​။မင်းသိတဲ့အတိုင်းပဲ
အာ့ထင်​ရဲ့အလုပ်​အရ သာမန်​လူ​တွေထက်
သူ့အမြင်​က ပိုစူးရှတယ်​​လေ"

ရှီကျင်းလည်း ​ချွေး​စေးများပြန်​ကာ 
နောက်​​သို့မှီချလိုက်​သည်​။

လေ့ကျင့်​ထားတဲ့စစ်​သားတစ်​​ယောက်​က
လူတစ်​​ယောက်​ရဲ့အပြင်​ပန်းပုံစံကိုပဲကြည့်​ပြီး
မည်​သူမည်​ဝါမှန်းခွဲခြားတာမဟုတ်​​ကြောင်း
သူ့ဘယ်​လိုလုပ်​​မေ့သွားပါလိမ့်​။
သူကိုယ်​တိုင်​လည်း Gua Yiရဲ့
ရုပ်​ဖျက်​ထားပုံ​တောင်​ မြင်​နိုင်​​သေးတာ။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Tempat cerita menjadi hidup. Temukan sekarang