|၆၆|

6.5K 753 112
                                    

အခန်း(၆၆)ဒေါထွက်နေသောဗိုလ်ချုပ်ကြီး

ရှီကျင်းတို့သုံးဦးသား ကားထဲရောက်သွား
ကြသည်။ရှီကျင်းလက်ထဲက ဆေးရည်မြှားတံကို
Gua Sanစစ်ဆေးနေချိန်မှာ Gua Erက
ရှီကျင်းကိုကြည့်နေပြီး ရှီကျင်းကလည်း
Gua Erကိုကြည့်နေသည်။
အချိန်ခဏမျှ လေထုအနေအထားက
ငြိမ်သက်လျက်ရှိသည်။

"ခုနတုန်းက ကျွန်တော့်ကိုဆဲမလို့လုပ်ခဲ့တာမလား?"
စကားလမ်းကြောင်းပြောင်းဖို့ ရှီကျင်းအစချီလိုက်တော့သည်။

Gua Erမှာတော့ သူ့ကိုစိုက်ကြည့်ရင်း
ဖုန်းကိုကျပ်ကျပ်ပါအောင်ဆုပ်ထားသည့်
လက်အား တင်းလိုက် လျော့လိုက်လုပ်နေပြီး
အဆုံးမှ ထုတ်ပြောလိုက်သည်။
"မင်းသရုပ်ဆောင်ပုံက ဆိုးရွားချက်ပဲ"

သရုပ်ဆောင်မကောင်းဘူးဆိုရင်လည်း
ခင်ဗျားဘာလို့အရူးလုပ်ခံရသေးလဲလို့
ရှီကျင်းမေးပစ်လိုက်ချင်သော်ငြား
Gua Erရဲ့ညစ်တစ်တစ်အမူအရာကို
မြင်လိုက်ရ၍ သူ့စကားတို့ကိုပြန်မြိုချကာ
တောင်းတောင်းပန်ပန်အပြုံးမျိုး ပြုံးပြပြီး

"ဟုတ်တယ်နော်....ဒါပေမဲ့လည်း
ရန်သူကတော့ အရူးလုပ်ခံလိုက်ရတဲ့အထိ
တုံးအနေလို့ဖြစ်မယ်"

ထိုအခါ Gua Erက အံကြိတ်ရင်း
ပြန်ဟိန်းဟောက်သည်။
"အို...မင်းက တအားဉာဏ်ကောင်းတာကိုး"

ရှီကျင်းကလည်း ကျိုးကျိုးနွံနွံပြန်ဖြေသည်။
"ကျွန်တော့်ကိုသေချာသင်ပြပေးခဲ့တဲ့
ခင်ဗျားကျေးဇူးကြောင့်ပါဗျာ"

Gua Er: "....."
အဲ့အကောင်ပေါက်ကိုပိတ်ရိုက်ချင်လောက်အောင်
ငါ့လက်တွေ ရုတ်တရက်ကြီးယားလာပြီ..

ထိုအချိန် Gua Sanက မြှားတံကို
အလုံပိတ်ဘူးထဲထည့်လိုက်ပြီး ပြန်လှည့်လာစဉ်
အသံတစ်ခုခုကြားလိုက်သလိုခံစားရ၍
မျက်မှောင်ကြုတ်မိလိုက်ကာ
သတိအနေအထားအတိုင်း လိုက်ရှာမိသည်။
အဆုံးမှာတော့ သူ့အကြည့်တို့က
Gua Erလက်ထဲကဖုန်းဆီရောက်သွားကာ

"Gua Er...မင်းဖုန်းထဲကအသံထွက်နေတယ်၊
ဘယ်သူနဲ့စကားပြောနေတာလဲ?"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now