|၄၂|

4.2K 949 107
                                    

အခန်း(၄၂)Massage

အ​ခြေအ​နေမှာ အနည်းငယ်​ကသိက​အောက်
ဖြစ်​သွားရသည်​။ရှီကျင်းသည်​ ​ခေါင်းငုံ့ကာ
သူ၏စပ်​စပ်​စုစုအ​တွေးများကို ချုပ်​ထိန်း
လိုက်​သည်​။ထို့​နောက်​ ဘာမှမဖြစ်​ခဲ့​သောဟန်​နှင့်
အနှိပ်​ကုတင်​ဆီလှည့်​ကာ လျန်​ကျွင်း၏
ခြေ​ထောက်​များကိုကြည့်​လိုက်​သည်​။

လျန်​ကျွင်းမှာ ပိန်​ပါးသည်​။ထို့​ကြောင့်
ရှီကျင်းမှာနှိပ်​​ပေးမည်​ဟု​ပြောလိုက်​တည်းက
ထိုသူ၏အရိုးပြိုင်းပြိုင်းနှင့်​မလှမပ
ခြေ​ထောက်​တစ်​စုံကိုမြင်​ရဖို့
စိတ်​ထဲပြင်​ဆင်​ထားပြီးဖြစ်​သည်​။
သို့​သော်​လည်း တကယ်​မြင်​လိုက်​ရသည်​က
သူ့ကို​တောင့်​ခဲသွား​စေသည်​။

လျန်​ကျွင်း​ခြေ​ထောက်​များမှာ
ထိုသို့လှဲ​လှောင်း​လိုက်​​သောအခါ
ပို၍သွယ်​လျသွားပုံရသည်​။
အရုပ်​မ​ဆိုးကာ ရှည်​လျား​ဖြောင့်​စင်းပြီး
ကြွက်​သားရှိသင့်​​သော​နေရာများတွင်​ရှိသည်​။
အစိတ်​အပိုင်းများမှာလည်း ​ပြေပြစ်​လှသည်​။
လျန်​ကျွင်း၏ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်​သာ
ခန္ဓာကိုယ်​အ​မွှေးအမျှင်​နည်းပါးပြီး
အထူးသဖြင့်​ ​ခြေတံများမှာ အသားအရည်​မှ
သွေး​ကြောများကိုတိုက်​ရိုက်​မြင်​​တွေ့ရသည်​အထိ
နူးညံ​နေသည်​။

ထိုအချိုးအစား ထိုအသွင်​အပြင်​...
ရှီကျင်းအထင်​နှင့်​ဆန့်​ကျင်​စွာ
လျန်​ကျွင်း​ခြေ​ထောက်​များမှာ ကြည့်​​ကောင်း​လွန်း
နေသည်​။ 'အမျိုးသားတိုင်း သန်​မာ​သော
ကြွက်​သားရှိသင့်​တယ်​'လို့ မ​တွေးသူတိုင်း​အတွက်
ပြီးပြည့်​စုံ​သော​ခြေ​ထောက်​မျိုးပင်​။

"ကြည့်​ရဆိုးလို့လား?"
လျန်​ကျွင်းသည်​ ရှီကျင်း၏အမူအရာကို
သေချာကြည့်​ရင်း အသံနိမ့်​​မေးသည်​။

လူငယ်​​လေးသည်​ သတိပြန်​ဝင်​လာကာ
ခေါင်းခါပြသည်​။ရှီကျင်းသည်​ ဖြူ​ဖျော့​သော
ခြေ​ထောက်​ကိုထိ​တွေ့​နေရင်း ထိုကြွက်​သားများမှာ
အမှန်​တကယ်​ဖြစ်​​ကြောင်းသိချင်​၍မ​နေနိုင်​စွာ
ဆွဲဆိတ်​ကြည့်​လိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now