|၂၁|

4.7K 1K 46
                                    

အခန်း(၂၁)​ခေါက်​ဆွဲပြုတ်

ရှီကျင်းနှင့်​ရုန်​ကျိုးကျုံး၏ဆက်​ဆံ​ရေးသည်​ 
ပေါက်​ကွဲထွက်​ပြီး ရန်​လို​သောအ​နေအထားသို့
လုံးဝ​ပြောင်းလဲသွားတာ​တောင်​ ယူနစ်​ဘားက
အမှန်တကယ်​​ကျဆင်းသွားသည်​လား။

ရှီကျင်း၏အမူအရာမှာ အူလည်​လည်​ဖြစ်​သွားပြီး 
အ​တော်​ပင်​​ခေါင်းရှုပ်​လာကာ ဘားတန်းကို
ပြန်​ကြည့်​သည်​။ထို့​နောက်​ ဆိုဖာ​ပေါ်တွင်
အသက်​မှန်​မှန်​ရှူကာ စိတ်​ငြိမ်​​အောင်
မ​ကျေမနပ်​အမူအရာဖြင့်​လှဲ​လှောင်း​နေ​သော
ရုန်​ကျိုးကျုံးကို ကြည့်​လိုက်​သည်​။
ဘာ​တွေဖြစ်​​နေမှန်း နားမလည်​​တော့​သော်​လည်း
သေချာသည်​တစ်​ခုက ရုန်​ကျိုးကျုံးသည်
သူ့အားသတ်​ရန်​ ဆန္ဒမရှိ​ပေ။

ရုန်​ကျိုးကျုံးသည်​ ​လက်​ထဲတွင်
သေနတ်​ကိုင်​ထားပြီး ​ဒေါသထွက်​လွန်း၍
ရူးသွပ်​မလိုဖြစ်​ချိန်​မှာ​တောင်​ ​သေနတ်​အား
လွင့်​ပစ်​ခဲ့သည်​။လူသတ်​သမားတစ်​​ယောက်​၏
တုံ့ပြန်​မှုမှာ အ​ပြောင်းအလဲရှိမည်​မဟုတ်​​ပေ။
အကယ်၍ ​တစ်​စုံတစ်​​ယောက်​သည်
တခြားသူတစ်​​ယောက်​အားသတ်​ရန်
ဆုံးဖြတ်​ထားသည်​အထိ အမုန်းကြီး​နေလျှင်
ထိုသူ၏ပစ်​မှတ်​သား​ကောင်​အားမြင်​ပါက
အ​ကြောင်းပြချက်​မရှိ စိတ်​လွတ်​သွားမည်
ဖြစ်​သည်​။လက်​နက်​ကိုင်​​ဆောင်​ထားပြီး
သုံးဖို့ မကြိုးစားဘူးဆိုသည်​မှာ
ဖြစ်​နိုင်​​ချေလုံးဝမရှိ​ပေ။

လုံ​လောက်​ပြီ...
ဝတ္ထုရဲ့ဇာတ်​​ကြောင်းက လုံးဝမတိကျ
မမှန်​ကန်​ဘူး။ငါ အဲ့ဒါကို အရမ်းမယုံခဲ့သင့်​ဘူး..

အတည်​ပြုပြီး ​နောက်​ဆုံးမှာ​တော့ ရှီကျင်း
စိတ်​သက်​သာရာရစွာ သက်​ပြင်းချလိုက်​သည်​။
သို့​သော်​ စကားများရာမှ ဆူဆူညံညံရန်​ပွဲ
ဖြစ်​သွားခြင်းကို အနည်းငယ်​​တော့
အပြစ်​ရှိသလို ခံစားရသည်​။

သူ၏ထူးခြားဆန်းကြယ်​​သောယူနစ်​ဘား
အ​ကြောင်းကို နားလည်​ဖို့နှင့်​တတိယအစ်​ကိုကို
၊လူသတ်​မှုသံသယမှ ဖယ်ထုတ်​ရန်
ထိုနည်းလမ်းကို​ရွေးချယ်​ခဲ့​သော်​ငြား
နည်းနည်း​တော့ လက်​လွန်​သွားပုံ​ရသည်​။
သူသည်​ မူလရှီကျင်းမဟုတ်​သဖြင့်
သူ့လုပ်​ရပ်​များသည်​ မှန်​သည်​ဖြစ်​​စေ
မှားသည်​ဖြစ်​​စေ အ​ကြောင်းပြချက်​ရှိသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now