|၆၃|

3.5K 697 35
                                    

အခန်း(၆၃)ဆေးဆိုင်

Gua Erမှ အချက်အလက်အများကြီး
မပေးခဲ့သဖြင့် အားလုံးအပြီးဖတ်ရန်
ရှီကျင်း တစ်နာရီသာအချိန်ယူလိုက်ရသည်။

လီဆွေ့ဆေးရုံသည် ရှီကျင်းတို့နေထိုင်သည့်
နေရာမှ ငါးနာရီခန့် ကားမောင်းသွားရသည့်
Lနိုင်ငံရှိမြို့ငယ်လေး၏မြို့ပြဟောင်းဧရိယာထဲတွင်
တည်ရှိသည်။ ဆေးရုံဟာ မကြီးမားဘဲ
အဆောက်အအုံကြီးတစ်လုံးတည်းသာ ရှိသဖြင့်
ခုခံဖို့လွယ်ကူပြီး တိုက်ခိုက်ဖို့ခက်ခဲအောင်
လုပ်ထားလေသည်။
အဆောက်အဦးတည်ဆောက်ပုံအရ ဝင်ပေါက်
တစ်ပေါက်တည်းသာ ရှိသည်။

လုံရှီဟာ လီဆွေ့ဆေးရုံတွင် ဆေးဝါးရောင်းချသူ
အဖြစ် အလုပ်လုပ်ခဲ့ပြီး သူ၏လှုပ်ရှားမှု
အတိုင်းအတာသည် များသောအားဖြင့်
ပထမထပ်အတွင်းပိုင်းထဲက ဆေးဆိုင်တွင်သာ
ကန့်သတ်ထားသည်။ သူသည် ဆေးရုံတွင်
နေထိုင်ပြီး ကန်တင်းတွင်စားသောက်သည်။
အပြင်ထွက်ခဲကာ သူစိမ်းများနှင့်လည်း
ဘယ်တော့မှစကားမပြောချေ။ မသိလျှင်
ဆေးဆိုင်ခန်းထဲ ကပ်တွယ်နေသော
သရဲတစ်ကောင်အလား ဆင်တူနေသည်။

Old Ghostအဆိုအရ လုံရှီဟာ
ဘာမပြောညာမပြောနဲ့ ရုတ်တရက်ကြီး
ပျောက်ကွယ်သွားတာဖြစ်သည်။ထိုသို့မပျောက်ခင်
နေ့တုန်းက သူရဲ့လက်အောက်ငယ်သားတချို့ကို
ဖျားနာချင်ယောင်ဆောင်ပြီး ဆရာဝန်၏
ဆေးညွှန်းအတိုင်း ဆေးရုံဆေးဆိုင်ကိုသွားကာ
လုံရှီနဲ့စကားပြောကြည့်ဖို့ Old Ghost
အမိန့်ပေးခဲ့သည်။ သို့သော်လည်း
ထိုအမျိုးသားကအင်မတန်သတိရှိလှသည်—
သူသည်တရုတ်စကားနားမလည်သော
Lနိုင်ငံသားတစ်ယောက်လိုပြုမူခဲ့သည်။
Phantomအဖွဲ့သားများကို
ဆေးပေးပြီးသည်နှင့်
နေထိုင်မကောင်းဘူးဟု အကြောင်းပြကာ
ဆေးဆိုင်ထဲမှထွက်သွားပြီး လေထုကြားထဲ
ပျောက်ကွယ်သွားခဲ့တော့သည်။နောက်တစ်ကြိမ်
သူပြန်ပေါ်လာချိန်မှာတော့ Nine Eagles
လက်ထဲတွင် ဖြစ်လေသည်။

လုံရှီပျောက်ဆုံးသွားခဲ့သော်ငြား
လီဆွေ့ဆေးရုံကတော့ ပုံမှန်အတိုင်း
ဆက်လက်လည်ပတ်လျက်ပင်။
လုံရှီဆိုသောသူ လုံးဝမတည်ရှိခဲ့ဖူးသလို
သိပ်မကြာခင်မှာပဲ ဆေးဝါးရောင်းချသူအသစ်
ရှိလာခဲ့သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now