|၄|

7.4K 1.2K 15
                                    

အခန်း(၄) စွမ်းအား

"ဒါလင်​!"

ဒီလို စိတ်​အားထက်​သန်​စွာ​ခေါ်လိုက်​​သော
အသံ​က တိမ်​​တွေကိုထိုး​ဖောက်​ပြီး
ကြီးကျယ်​ခမ်းနားစွာဝင်​​ရောက်​လာတဲ့
အလင်းတန်းလိုမျိုး ဧည့်​ခန်းအတွင်းရှိ
လူများကို လက်​ရှိအ​ခြေအ​နေဆီပြန်​​ရောက်​​အောင်
ဂယက်​ထ​စေတယ်​။

မျက်​လုံးသုံးစုံမှာ ရှီကျင်းအား ​သေ​စေနိုင်​​သော
အကြည့်​မျိုးဖြင့်​ကြည့်​လာသည်​ကို ရှီကျင်း
သိလိုက်​သည်​။ထို့​နောက်​ ကြည့်​​ကောင်း​သော
လူကြီးမှာ သူ့အား ​သေနတ်​ဖြင့်​ပြန်​လည်
ချိန်​လာပြန်​သည်​။ရှီကျင်းလည်း
စိတ်​တုန်​လှုပ်​စွာပြန်​လည်​​အေးခဲသွားသည်​။
ရှီကျင်းသည်​ သူ့အားသတ်​ရန်
ရည်​ရွယ်​ချက်​မရှိ​သောတစ်​ဦးတည်း​သောလူ
ဖြစ်​တဲ့ ​ရှောင်​စစ်​ရဲ့ဒါလင်​ ဆို​သောသူအား
မဝံမရဲကြည့်​ကာ ဒီအ​ခြေအ​နေမှ ကယ်​တင်​ရန်
ကြိုးစားကြည့်​သည်​။အပြုံးတစ်​ခုကို
အားတင်းဖန်​တီးကာ ဆိုသည်​။

"ကျွန်​​တော့်​အ​ဖေ...သူကကျွန်​​တော့်​ကို
'ဒါလင်​'လို့​ခေါ်တာ..သူကကျွန်​​တော့်​ကို
အရမ်းချစ်​တယ်​​လေ..."

ဝှီးချဲ​ပေါ်မှာထိုင်​နေ​သော အမျိုးသားဟာ
သူဒီလိုထင်​မြင်​ချက်​​ပြော​နေ​သည်​ကို
ဂရုမစိုက်​ဟန်​ ငြင်း​​ဆိုလိုက်​သည်​။ထို့​နောက်
ရှီကျင်းအား ခြိမ်း​ခြောက်​​နေ​သော ထိုလူအား
ရပ်​ရန်​ လက်​​ဝေ့ယမ်းပြပြီး သူ၏မျက်​လုံး​တွေက
ရှီကျင်း၏အသွင်​အပြင်​ကို
အကြမ်းဖျင်းချုံကြည့်​ကာ ​မေးလိုက်​သည်​။

"အဲ့​တော့?"

"အဲ့​တော့...ကျွန်​​တော်​..အဲ.."
ထိုသူ၏အသံက ကြည်​လင်​ပြတ်​သားပြီး
အေးမြကာ အလွန်​နား​ထောင်​လို့
ကောင်း​နေသည်​။သို့​သော်​ ထိုအသံကပဲ
ရှီကျင်းကို လည်​ဆံမွှေးများ​ထောင်​​အောင်
ပြုလုပ်​နိုင်​သည်​။စိတ်​ထဲတွင်​လည်း 
ရှောင်​စစ်​အား သူ့အသက်​ကိုကယ်​တင်​​ပေးရန်
ထိတ်​ထိတ်​ပျာပျာ ​ခေါ်မိသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now