|၃၆|

4K 947 38
                                    

အခန်း(၃၆)ဘုရားသခင်အလို​တော်ကျ

ထင်​ထားသည့်​အတိုင်းပင်​။တစ်​စုံတစ်​ယောက်​မှ
သူ့အား ချိန်​ရွယ်​ထားပြီဖြစ်​သည်​။
Black Roseအဖွဲ့မှလူဖြစ်​ဖို့များ​ပေသည်​။

ရှီကျင်းေ​ချွးစီးများပင်​ထွက်​လာသည်​။
သူ၏ယူနစ်ဘား​မှာ အန္တရာယ်​ဇုံထဲ
ကျ​ရောက်​နေ​ကြောင်း သ​ဘော​ပေါက်​သဖြင့်
အသက်​ပြင်းပြင်း ရှူသွင်းကာ စိတ်​ကို
တည်​ငြိမ်​အောင်​လုပ်​လိုက်​သည်​။ထို့​နောက်
ဘာမှမစဉ်း​စား​တော့ဘဲ
လမ်း​ဘေးမှအမှိုက်​ပုံးအကွယ်​ဆီ
လိမ့်​ဝင်​လိုက်​သည်​။

နောက်​တစ်​က္ကန့်​အကြာတွင်​ ကျည်​ဆံသည်
အမှိုက်​ပုံးအား ရှပ်​ထိသွား​လေသည်​။
ထိုအချိန်မှာ ရှီကျင်းသည်​ပုခုံးကို​ဆုပ်​ကိုင်​ကာ
အသက်​အောင့်​ညည်းညူလိုက်​ရသည်​။

ဆိုးတာပဲ..ဒီလိုပစ်​မှတ်​ကြီးကြီးကို
အပြည့်​အဝကာနိုင်​ဖို့အတွက်​ အမှိုက်​ပုံးက
သေးသွားတယ်​..

ပုခုံးထက်​မှစူးတက်​လာ​သောနာကျင်​မှု​ကြောင့်
ရှီကျင်းမှာ ရှူးရှူးရှဲရှဲပင်​ဖြစ်​လာခဲ့ကာ
ကိုယ်​ကို တတ်​နိုင်​သမျှကျုံ့ကာ ပုန်း​နေရသည်​။
သူ့ယူနစ်​ဘား မကျဆင်း​သေးသည်​ကို
မြင်​သောအခါ ပတ်​ပတ်​လည်​ကို
ရှာ​ဖွေကြည့်​လိုက်​ပြီး အ​နောက်​ဘက်
မနီးမဝေးတွင်​လမ်းကြားတစ်​ခုရှိသည်​ကို
တွေ့လိုက်​သည်​။နံရံတစ်​ဖက်​တွင်
ကြီးမား​သောသတ္တုအမှိုက်​ပုံးကြီးရှိ​နေသည်​။
ရှီကျင်းသည်​ အံကိုကြိတ်​ကာ
ကြီးမား​လေးလံလှ​သော
ဝက်​ဝံ​ခေါင်းကိုဆွဲချွတ်​လိုက်​သည်​။
ရှောင်​စစ်​ဆီမှ အရှိန်​နှင့်​အကြားအာရုံbuffတို့
ရပြီးသည်​နှင့်​ထို​ခေါင်းစွပ်​ကို အားဖြင့်
လွှင့်​ပစ်​လိုက်​ပြီး အနီးအနားမှ အမှိုက်​ပုံထဲ
ဒိုင်​ပင်​ထိုးကာ ကိုယ်​ကိုလိမ့်​သွားသည်​။
အမှိုက်​များရုန်းရင်းဆန်​ခတ်​ဖြစ်​မှုနှင့်
ဝက်​ဝံ​ခေါင်း​ကြောင့်​အချိန်​အနည်းငယ်​ဆွဲလို့ရဖို့ 
မျှော်​လင့်​ကာ ကုန်းထပြီး ဒယိမ်းဒယိုင်​ပြေး​လေသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now