|၃၅|

3.9K 873 22
                                    

အခန်း(၃၅)စနိုက်ပါ

နှစ်​သစ်​ကူးအကြို​နေ့မှာ စိတ်​လှုပ်​ရှား
ပျော်​ရွှင်​​မှုများနှင့်​ ပြည့်​နှက်​​နေ​သောရက်​တစ်​ရက်
ဖြစ်​သည်​။ထိုအချိန်​တွင် ​လူ​နေအိမ်​ရာ၏
မနီးမ​ဝေးရင်​ပြင်​​ကျယ်​တစ်​ခုတွင်​ 
ကျောပိုးအိတ်​လွယ်​ထား​သောလည်​စီးဖဲပြားနှင့်
အ​မွှေးပွဝက်​ဝံတစ်​​ကောင်​သည်
ချစ်​ဖို့​ကောင်းလှစွာ ​ခေါင်းကို
ဘယ်​ကြည့်​လိုက်​ညာကြည့်​လိုက်​ဖြင့်
ပတ်​ဝန်းကျင်​ကို စပ်​စု​နေသည်​။

လည်​ပတ်​ကြည်​ရှုသူများမှာ သူ့အား
လျင်​လျင်​မြန်​မြန်​ပင်​ သတိပြုမိ​သွားရာ
တစ်​​ယောက်​ပြီးတစ်​​ယောက်
လာကြည့်​ကြသည်​။တက်​ကြွ​သော
က​လေးငယ်​တစ်​ချို့မှာလည်း
စိတ်​လှုပ်​ရှားစွာ​အော်​ဟစ်​​လေသည်​။

"ဝက်​ဝံကြီး ! ဝက်​ဝံကြီး !"

သူတို့၏မိဘများလက်​ကိုဆွဲကာ
ထိုဝက်​ဝံကြီးအား ​ပွေ့ဖက်​ရန်
တာဆူ​နေကြသည်​။

သို့​သော်​ သူတို့အနားမ​ရောက်​ခင်​မှာပဲ
ထိုအ​မွှေးပွဝက်​ဝံသည်​ ရင်​ပြင်​​ထောင့်​စွန်းမှ
ပျံကျ​ဈေးသည်​များဆီသို့​ပြေးသွားကာ
ဘောလုံး​ရောင်း​နေ​သောလူအိုကြီး​ရှေ့တွင်
ရပ်​လိုက်​သည်​။ထို့​နောက်​ တစ်​ခုခု​ပြောလိုက်​ကာ
သူ၏​ကျောပိုးအိတ်​ထဲမှ​ငွေစက္ကူအထပ်​လိုက်​ကို
ထုတ်​ပြီး ထိုလူလက်​ထဲ ကတိုက်​ကရိုက်
ထိုး​ပေးလိုက်​သည်​။

လူအိုကြီးမှာရင်​မှာခံစားသွားရ​သော အမူအရာဖြင့်
ဝက်​ဝံကြီးအား ဦးညွတ်​​ကျေးဇူးတင်​ပြီး
ဘောလုံးများချိတ်​ဆွဲထား​သော သုံးဘီးစက်​ဘီးကို
ထားခဲ့ကာ ပလတ်​စတစ်​​ခွေး​ခြေခုံနှင့်
ပိုက်​ဆံ​သေတ္တာကိုကိုင်​ကာ ထွက်​သွား​တော့သည်​။

ထို့​နောက်​တွင်​ အ​မွှေးပွဝက်​ဝံမှာ
သူ၏​ကျောပိုးအိတ်​ကို အ​နောက်​မှ
ပစ္စည်းထည့်​စင်​ထဲထည့်​ကာ စက်​ဘီး​ပေါ်
တက်​လိုက်​ပြီး လမ်း​ဘေး​ဈေးဆိုင်​များတစ်​​လျှောက်
ကျွမ်းကျွမ်းကျင်​ကျင်​စီးနှင်းသွား​တော့သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now