|၄၀|

4.4K 959 43
                                    

အခန်း(၄၀)Crescent Bay Island/
လမြ်းသဏ္ဍာန်ကျွန်း

ရှီကျင်းသည်​ ညဂျူတီ​စောင့်​​နေ​သော
ဝန်​ထမ်းကို နှုတ်​ဆက်​ပြီး အ​ငွေ့တ​ထောင်း​ထောင်း
ထ​နေသော တစ်​ခါသုံးဘူး​လေးကို
ကိုင်​ကာအပြင်​ထွက်​လာသည်​။
အ​ပေါက်​ဝတွင်​ထိုးရပ်​ထား​သော
မကြည့်​ဘဲနှင့်​​တောင်​ ထင်းထွက်​​နေ​သည့်း
စစ်တပ်သုံးဂျစ်ကား​​​ဆီ ဦးတည်​သွားသည်​။

ရှန့်​အာ့ထင်​သည်​ ကား​ပေါ်မှဆင်းကာ
ရှီကျင်းအလာကို ​စောင့်​​နေသည်​။

ရှီကျင်းသည်​ အစ်​ကိုနှင့်
ခြေနှစ်​လှမ်းအကွာတွင်​ရပ်​လိုက်​ပြီး
ဖက်​ထုတ်​ဘူးကို ကမ်း​ပေးသည်​။

"​ရော့...စားလိုက်​ဦး၊ ညစာအဆာ​ပြေစားချိန်
ဆို​တော့ အ​တော်​ပဲ...အ​စောပိုင်းတည်းက
လုပ်​ထားတာမို့ ပြန်​​နွေးလာတယ်​။
အရသာမ​ကောင်း​တော့​လောက်​​ပေမဲ့
စားလို့ရ​သေးပါတယ်​"

ရှန့်​အာ့ထင်​ ​တောင့်​ခဲသွားရသည်​။
ရှီကျင်းလက်​ထဲမှ စက္ကူဘူးဆီအကြည့်
ရောက်​သွားပြီးတစ်​​အောင့်​မျှတုံ့ဆိုင်းပြီးမှ
လှမ်းယူကာကားအမိုး​ပေါ်တင်​လိုက်​သည်​။
သူသည်​ တစ်​ခါသုံးတူကို ခွာရင်း​ပြောသည်​။

"မင်းဖက်​ထုပ်​လုပ်​တတ်​မယ်​လို့
ငါမထင်​ထားဘူး"

"လုပ်​ရတာ အဲ့​လောက်​မခက်​ပါဘူး"
ရှီကျင်းသည်​ လက်​များကို အိတ်​ကပ်​ထဲ
ထည့်​ကာ သူ့အစ်​ကိုအားကြည့်​​နေသည်​။
ရှန့်​အာ့ထင်​ ဘူးအဖုံးကိုဖွင့်​လိုက်​သည်​နှင့်
သူသည်​ လက်​ဆန့်​ကာ ဖက်​ထုပ်​ကိုယူပြီး
သူ့အစ်​ကိုပါးစပ်​နား ​တေ့ပေးလျက်
မ​နေနိုင်​စွာ ​မေးသည်​။

"ကျွန်​​တော်​ ဝမ်းနုတ်​​ဆေးထည့်​ထားမှာ
ကြောက်​လို့လား?"

ရှန့်​အာ့ထင်​သည်​ ပါးစပ်​ဟကာ
ရှီကျင်း​ကျွေးသည်​ကို စားလိုက်​ပြီး
"အဲ့လိုလုပ်​ချင်​လို့လား?"

"ဒါ​ပေါ့"
ရှီကျင်း ​ပြောသည်​။

"အစ်​ကို့ကို​ကြောက်​ဖို့​ကောင်းတယ်​လို့
ကျွန်​​တော်​​တွေးဖူးတယ်​..ဖုန်းဆက်​တိုင်းလည်း
ကျွန်​​တော်​ကဝလို့ ​လေ့ကျင့်​ခန်းလုပ်​ဖို့
ပြောတဲ့အချိန်​ဆိုကျွန်​​တော်​စိတ်​တိုခဲ့တယ်​...
အဲ့တာ​ကြောင့်​အစ်​ကိုလာရင်​ စ​နောက်​ဖို့
အမျိုးမျိုးပြင်​ဆင်​ခဲ့​ပေမဲ့ တစ်​ခါမှမလာခဲ့လို့
အဲ့တာ​တွေတစ်​ခုမှသုံးဖို့အခွင့်​အ​ရေးမရခဲ့ဘူး​လေ"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now