|၅၁|

4K 909 87
                                    

အခန်း(၅၁)တွေ့ဆုံပွဲရဲ့ အဆုံးသတ်

ရှီကျင်းမှာ သူတုံးအသည်ဟု ထပ်ပြောခံရသဖြင့်
ခံပြင်းလာသည်။(ဒီတစ်ကြိမ်တော့ တိုက်ရိုက်
ဖဲ့တာမဟုတ်ပေမဲ့)သို့သော်ငြား တစ်ချိန်တည်းမှာ
သူ့ရင်ထဲ သင်္ကာမကင်းဖြစ်လာရသည်။

"ရှောင်စစ် ငါတကယ်ပဲ ဉာဏ်မကောင်းတာလား?"

ထိုအခါ ရှောင်စစ်ကလည်း ဘက်မလိုက်စွာ
ပြန်ဖြေသည်။
<အဆင်ပြေပါတယ်၊ ကျင်းကျင်းအတွက်
သစ်ကြားသီးတွေ ဝယ်ခိုင်းဖို့ ဒါလင့်ကို
မေးလိုက်လေ>

ရှီကျင်း တိတ်ကျသွားသည်။ ရှောင်စစ်အား
ယခုအချိန်တွင် "အနက်ရောင်အခန်းငယ်"ထဲ
ပို့ထားဖို့ ဆုံးဖြတ်လိုက်သည်။
(muteလိုက်တယ်ပေါ့)

သင်္ဘောကုန်းပတ်သည် တိတ်ဆိတ်နေပြီး
အားလုံးမှာ စကားမဆိုဘဲ
အစည်းအဝေးခန်းထဲကိုသာ စိတ်လှုပ်ရှားစွာ
ကြည့်နေကြသည်။

ယနေ့အစည်းအဝေး၏ဦးတည်ရာမှာ
တရားဝင်မြေအောက်အဖွဲ့အစည်းများကို
စာရင်းပြန်သွင်းပြီး အသစ်များအတွက်
ထောက်ခံမဲစုဆောင်းမှာဖြစ်သည်။

တရားဝင်အဖွဲ့များ ပြန်စာရင်းသွင်းသည့်အလုပ်မှာ
ရိုးရှင်းပြီး ခေါင်းဆောင်များပါဝင်ပူးပေါင်းမှုနှင့်ဆို
တစ်နာရီထက်မကြာဘဲ ပြီးစီးသည်။
အံ့သြစရာမရှိစွာ စာရင်းထဲတွင် Pegasusနာမည်
ပျောက်ကွယ်သွားပြီဖြစ်သည်။ အားလုံးလည်း
အလွန်အမင်းတိတ်ဆိတ်နေသောကျိုယန်ကို
လှမ်းကြည့်ကြသည်။ ကျိုယန်ကတော့
၎င်းတို့၏အကြည့်များကို လုံးလုံးသတိမပြုမိဟန်
ခေါင်းငုံ့ပြီး စာဖတ်နေသဖြင့် သူတို့လည်း
စိတ်မပါစွာ အကြည့်လွှဲလိုက်ရသည်။

စာရင်းပြန်သွင်းသည့်ကိစ္စပြီးချိန်မှာတော့
ခေါင်းဆောင်များ အာရုံအစိုက်ဆုံးအပိုင်းသို့
ရောက်လာလေပြီ__ တရားဝင်အဖွဲ့သစ်များဖြစ်ရန်
ကိုယ်စားလှယ်များ ရွေးချယ်ခြင်းပင်။

ကျန့်ကျိုးယွမ်သည် ထောက်ခံချက်မဲခွဲတမ်းနဲ့အတူ
စာရွက်အလွတ်တစ်ရွက်စီ ခေါင်းဆောင်များဆီ
လက်ဆင့်ကမ်းပေးရင်း အစည်းအဝေးကို
နာရီဝက်တစ်ဖြတ် နားမည်ဟုကြေညာပြီး
တံခါးဖွင့်လိုက်သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now