|၆၅|

3.1K 661 86
                                    

အခန်း(၆၅)သေတွင်းတူးပေးရှာသောသူ

အဆိပ်ဖော်မြူလာနှင့်ပတ်သတ်၍ ရှီကျင်းမှ
သဲလွန်စရှာတွေ့ထားသည်ဟု ကြားရရချင်းပင်
Gua Erနှင့်Gua Sanတို့သည် ရောက်ရာ
အရပ်မှ ခပ်သုတ်သုတ်ပြန်လာကြသည်။

"ဒါက လုံရှီ့လက်ရေးလား?"
ရှီကျင်းဟာ "ကျွင်း"ဆိုသောစာလုံးမှိန်မှိန်ကို
ထောက်ပြရင်း မေးကြည့်သည်။

Gua Erနှင့်Gau San သည်လည်း
အနီးတိုးကြည့်ကာ ခိုင်မာစွာခေါင်းညိတ်ပြကြသည်။
"အမှန်ပဲ၊ သူ ကျွင်းရှောက်ရဲ့နာမည်ကို
ရေးတဲ့အချိန်တိုင်း ဒီစုတ်ချက်ကို
ရှည်ရှည်ဆွဲတတ်တယ် အဲ့တာကြောင့်
သိဖို့လွယ်တာ"

Gua Erရှင်းပြသည်။

ထိုအခါ ရှီကျင်းအပျော်လွန်ကာ မှတ်စုစာအုပ်နှင့်
ဖိုင်တွဲကို Gua Erလက်ထဲချက်ချင်းထိုးသိပ်
ထည့်လိုက်ပြီး တိုက်တွန်းတော့သည်။
"မြန်ုမြန်...ဒါတွေကို ဦးလေးလုံဆီပို့လိုက်၊
အရင်က ကျွန်တော်လုံရှီဆီကရထားတဲ့ဟာထက်
ဒီထဲမှာ သဲလွန်စတွေပိုပါမှာ အသေအချာပဲ။
ဖော်မြူလာတစ်ခုလုံးရဖို့တောင် လုံလောက်နိုင်မယ်
ထင်တယ်"

ဒီလိုကြားတော့ Gua Erလည်း ရှီကျင်းခေါင်းကို
ခပ်ကြမ်းကြမ်းတစ်ချက်ဖွပြီး စာရွက်စာတမ်းများ
ယူကာ အပြေးထွက်သွားသည်။

အများသိကြသည့်အတိုင်း တရုတ်နိုင်ငံနှင့်
L နိုင်ငံတို့ကြား အချိန်ကွာခြားချက်ရှိပေသည်။
တစ်နေ့တာလုံး သုတေသနရှာဖွေပြီး
လောလောလတ်လတ်မှအိပ်မောကျသွားရှာသော
ဦးလေးလုံအား Gua Er၏ဖုန်းသံမှ
ဝင်နှောင့်လာရာ ပြန်ဖြေသောသူ့လေသံခမျာ
သူစိမ်းဆန်နေခဲ့သည်။Gua Erပြောရမည့်
စကားများကိုကြားပြီးတော့မှ သူ့စိတ်လည်း
ပြန်တည်ငြိမ်သွားသည်။ ခဏစောင့်ဖို့ပြောကာ
အိပ်ရာထဲမှကောက်ထွက်ပြီး စာကြည့်ခန်းဆီ
လျှောက်သွားသည်။

စာပို့စက်ဟာ သူ၏အဆက်မပြတ်တုန်ခါသံ
နှင့်အတူ စာရွက်တစ်ရွက်ပြီးတစ်ရွက်
ထွက်အန်ကျလာသည်။

ဦးလေးလုံသည် စာမျက်နှာတစ်ခုပြီးတစ်ခုကို
ကြည့်နေရင်း ပိုကြည့်လေလေ ပိုစိတ်လှုပ်ရှား
မိလေဖြစ်လာရာ

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now