|၂၈|

4.4K 965 63
                                    

အခန်း(၂၈)အမှတ်​တရလက်မှတ်

တွေ့ဆုံရန်​ချိန်းဆိုထား​သော
စား​သောက်​ဆိုင်​သည်​ ​ဟိုတယ်​နှင့်
အလှမ်း​ဝေးသည်​။
လျန်​ကျွင်းမှ​ရောက်​ရှိပြီဖြစ်​​ကြောင်း​ပြောကာ
ဖုန်းချပြီးသည်​အထိ ရှီကျင်းတို့မှာ 
ရောက်​ရှိရန်​ မိနစ်​နှစ်​ဆယ်​နီးပါး လို​သေး​ပေသည်​။

ရှီကျင်းခမျာ ပင်​အပ်​ဖင်​ခုထိုင်​​နေသလို
ထိုင်​ခုံတွင်​ လှုပ်​စိလှုပ်​စိ ဖြစ်​လျက်​ရှိသည်​။

ပြတင်း​ပေါက်​အပြင်​ဘက်​အား စိတ်​ပူပန်​စွာ 
ငေးကြည့်​​နေ​သောရှီကျင်းအား ရှန့်​အာ့ထင်
သတိထားမိ​သောအခါ မ​နေနိုင်​စွာ 
မေးကြည့်​လိုက်​သည်​။

"လျန်​ကျွင်းနဲ့အတူစားရဖို့က မင်းအတွက်
အဲ့​လောက်​​တောင်​ အ​ရေးပါတာလား ? "

စိတ်​နဲ့လူနဲ့ ပြန်​ကပ်​လာ​သော ရှီကျင်းသည်
သူ့အစ်​ကိုအား ​ဘေးတိုက်​ငဲ့ကြည့်​လိုက်​ပြီး
ခေါင်းညိတ်​သည်​။

"အင်း အရမ်းအ​ရေးပါတယ်​ "

ဤသည်​မှာ ​သေ​ရေးရှင်​​ရေးကိစ္စမဟုတ်​ပါလား။
ထိုသို့ စကားပြန်​ဆိုပြီး​နောက်
လမ်းတစ်​​လျှောက်​ကားမပိတ်​ပါ​စေရန်
မီးစိမ်းသာဖြစ်​ပါ​စေဟု ဆု​တောင်းရင်း
အ​ရှေ့သို့သာ ​ကြည့်​​နေ​တော့သည်​။ထို့အပြင်
သူ့စိတ်​ထဲမှ ဘားတန်းကိုလည်း
မျက်​​ခြေအပြတ်​မခံ​ပေ။

လျန်​ကျွင်း စား​သောက်​ဆိုင်​အနီးသို့် 
ရောက်​သည်​နှင့်​ ထိုသူ၏ယူနစ်​ဘားသည်
ဆက်​လက်​တက်​​နေခဲ့သည်​။ထို့​နောက်
ဖုန်းချသွားပြီးချိန်​၌ ၉၀၀သို့​ကျော်​တက်​သွားပြီး
၉၁၀တွင်​ ရပ်​တန့်​​နေသည်​။
ထိုအ​ခြေအ​နေ​ကြောင့်​ သူ့အသက်​အန္တရာယ်​အား
ရုတ်​ချည်းခြိမ်း​ခြောက်​မှုဖြစ်​မည်​ဟု
မဆိုလို​တော့​သော်​လည်း အန္တရာယ်​က​တော့
အနီးအနားတွင်​ ရှိ​နေမည်​ဖြစ်​သည်​။

ရှောင်​စစ်​သည်​ စိတ်​ထိခိုက်​လုနီးပါး
စိုးရိမ်​​နေ၍ ရှီကျင်းသည်​လည်း
မတည်​ငြိမ်​နိုင်​​တော့​ပေ။
သူသည်​ Gua Erဆီ ဖုန်းဆက်​​ခေါ်ပြီး
လျန်​ကျွင်း၏လုံခြုံမှုကို ပိုအာရုံစိုက်​​ပေးရန်
တိုက်​တွန်းချင်​လှ​သော်​လည်း ဖုန်း​ခေါ်ဆိုမှု​ကြောင့်
အာရုံလစ်​ဟင်းသွားမည်​ကိုလည်း စိုးရိမ်​မိသဖြင့်
အံကြိတ်​ပြီးသာ သည်းခံ​နေလိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now