|၁၅|

4.8K 1K 74
                                    

အခန်း(၁၅)​သခွားသီးစား​တော်ပွဲ

တစ်​ဖက်​တွင်​လည်း ရှီကျင်းသည်
ရှုဟိုက်​အားအရက်​တိုက်​​နေသည်​။သို့​သော်
ရှုဟိုက်​ အမူးလွန်​ပြီးသတိမ​မေ့ခင်​မှာ
ထိုသူ၏ နားအနီးသို့တိုးကာ 
ရှောင်​စစ်​​ပေးထား​သော"ဖြား​ယောင်း​သောအသံ"
Buffအားအသုံးပြုပြီး သီးသန့်​ခန်းထဲမှ
ထွက်​ရန်​တိုးတိုးဆိုလိုက်​သည်​။

မွေး​နေ့ရှင်​​ကောင်​​လေးနဲ့သူ့သူငယ်​ချင်းများသည်
အခန်းအတွင်းမှာ အတူထွက်​သွား​သော
ထိုသူနှစ်​ဦးအား ကြည့်​ကာ
မ​ရေမရာပြုံး​နေကြသည်​။Gua Erသည်​လည်း
အမူးလွန်​ပြီးမျက်​စိမှိတ်​ မှိန်း​မောကာ
ဘာမှမသိ​သည့်​မျက်​နှာမျိုးပြုလုပ်​ထားသည်​။

"အသည်း​လေး~~ကိုယ်​​နေရာ​ကောင်း​ကောင်း
သိတယ်​ အဲ့ကို..သွား..သွားပြီး​ပျော်​ရ​အောင်​လား"

ရှုဟိုက်​သည်​ ရှီကျင်းတွဲထား​ပေးလို့သာ
ဖင်​ထိုင်​လျက်​မကျပဲ ရပ်​နိုင်​တာဖြစ်​​သော်​လည်း
ရှီကျင်းကို အခွင့်​အ​ရေးယူဖို့တော့ မ​မေ့​သေး​ပေ။

ရှီကျင်း၏နှုတ်​ခမ်းတွင်​လည်း
အပြုံးတစ်​ခုတပ်​ဆင်​ထားကာ ဆိုသည်​။
"ဒါ​ပေါ့..​ပျော်​စရာ​လေး​တွေရှာကြတာ​ပေါ့"

ခင်​ဗျားရဲ့ကျန်​ရှိ​နေတဲ့ဘဝတစ်​​လျှောက်​လုံး
မ​မေ့​စေမဲ့'​ပျော်​စရာ'မျိုးကို ​သေချာ​ပေါက်
လုပ်​​ပေးရမှာ​ပေါ့..

ထို့​နောက်​ ​လျှောက်​လမ်းတွင်​ရှိ​သော
သီးသန့်​ခန်းအလွတ်​တစ်​ခုဆီသို့
ဝင်​​ရောက်​သွားကာ ​လော့ချလိုက်​​တော့သည်​။

နာရီဝက်​ခန့်​ကြာ​သောအခါ တံခါးပြန်​ပွင့်​လာပြီး
ရှီကျင်းတစ်​​ယောက်​သာပြန်​ထွက်​လာသည်​။
သူ၏မျက်​နှာမှာ မ​ကျေမနပ်​​နှင့်​​စိတ်​တို​နေပြီး
အရင်​အခန်းသို့ပြန်​လာလိုက်​သည်​။
ရှု​ဟိုက်​သူငယ်​ချင်း​ပေါင်းပါများ၏
အသံ​သေးအသံ​ကြောင်​သံများကို လျစ်​လျူရှုကာ
Gua Erကိုနိုးပြီး တစ်​ချက်​ပင်
ပြန်​လှည့်​မကြည့်​​တော့ဘဲ ထွက်​လာသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now