|၆၈|

1.2K 265 5
                                    

အခန်း(၆၈)မိုးကြိုးစစ်ဆင်ရေး

နှစ်ရက်ကြာဆွေးနွေးညှိနှိုင်းအပြီးတွင် ကျိုယန်နှင့်မုန်လသည် Tနိုင်ငံအတွင်းရှိCမြို့မှသေးငယ်သောကိုယ်ပိုင်ဆေးရုံတစ်ခုကို တွေ့ဆုံရာစုရပ်အဖြစ်သဘောတူညီလိုက်ကြသည်။

Nine Eaglesနှင့်Gunfireနှစ်ဦးနှစ်ဖက်စလုံး၏စခန်းနှင့်တပ်အင်အားစုများက Cမြို့တွင်အခြေစိုက်ထားသောကြောင့် သတိမပေးဘဲ တစ်ဖက်မှစ၍ရန်မူလာမည်ကို မစိုးရိမ်ကြတော့ပေ။ဆွေးနွေးမှုပြီးစီးသည်နှင့် ဆေးရုံငယ်ကို အတူတကွဝယ်ယူလိုက်သည်။ထိုနေရာမှာ နှစ်ဖက်စလုံးနှင့်မသက်ဆိုင်ထားသောကြောင့် ထောင်ချောက်ဖြစ်နိုင်ချေရှိသောအချက်ကို စဉ်းစားစရာမလိုတော့ပေ။ထို့အပြင် နေရာကောင်းတစ်ခုဖြစ်သည်-လမ်းမကြီးနှင့်နီးကပ်ပြီး ဟင်းလင်းပြင်ပတ်ပတ်လည်ဖြစ်လေရာ တစ်စုံတစ်ယောက်ချဉ်းကပ်လာပါက အလွယ်တကူသတိထားမိနိုင်သည်။ဤအကြောင်းများကြောင့် ဆေးရုံနေရာသည် တိုက်ခိုက်ဖို့ခဲယဉ်းပြီး ထွက်ပြေးရှောင်ထွက်ဖို့လွယ်ကူပေသည်။

"နေရာကောင်းကို တကယ်ရှာထားတာပဲ"
မြေပုံကိုကြည့်ရှုပြီး Gua Erသည် လက်တွေ့ကျကျအကဲခတ်လိုက်သည်။

"ဗြောင်ဝင်တိုက်ဖို့မသင့်တော်ဘူးဆိုတော့ ကျိုယန်တို့တပ်စုထဲမှာ လူရောထည့်လိုက်မလား ကျွင်းရှောက်?"

လျန်ကျွင်းခေါင်းခါကာ
"ဟင့်အင်း ကျိုယန်က ကပျက်ကချော်နိုင်တယ်။မင်းတို့ကို သူ့လက်ထဲထည့်ပေးလိုက်ရင် ငါစိတ်အေးမှာမဟုတ်ဘူး။ဒီတစ်ခေါက် ငါတို့ပန်းတိုင်ကOld Ghostရဲ့လူတွေကိုကယ်ဖို့ပဲ။မုန်လဆေးရုံထဲဝင်လာတဲ့အထိစောင့်စရာမလိုဘူး၊ ဓားစားခံတွေပါလာတာသေချာတာနဲ့ သူတို့အနီးတဝိုက်ကိုရောက်ရင် ဖြတ်လုပြီး တိုက်မယ်"

Gua Erသည် နားလည်စွာခေါင်းတညိတ်ညိတ်လုပ်သည်။

"Gua Sanကို Gunfire လျှိုဝှက်အဖွဲ့တွေကို ဆက်တိုက်ခိုင်းထားလိုက် ပြီးတော့ Gua Yiနဲ့Gua Wuကို ပြန်ခေါ်မယ်"
လျန်ကျွင်းဆက်ပြောသည်။

"Gua Sanကလွဲပြီး မင်းတို့အားလုံး ငါနဲ့အတူTနိုင်ငံကိုလိုက်ခဲ့ရမယ်။ဒီတစ်ကြိမ်က Nine Eaglesနဲ့Gunfireနှစ်ဖွဲ့လုံးထိန်းချုပ်ထားတဲ့နယ်မြေထဲ ဆင်းရမှာ။ငါတို့အကြံအစည်အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ နှစ်ဖက်စလုံးရဲ့တန်ပြန်တိုက်တာကိုခံရဖို့များတဲ့အတွက် အထူးဂရုစိုက်ရမယ်"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now