|၁|

17.1K 1.5K 62
                                    

အခန်း(၁) အ​မွေဆက်​ခံခြင်း

ရှီကျင်းဟာ သူ့ မျက်​လုံး​တွေစတင်​ဖွင့်​လာတဲ့
အချိန်​မှာ သတိထားမိတာက သူဟာ
ချည်​သားညအိပ်​ဝတ်​စုံ​လေးကိုဝတ်​ထားပြီး
နူးနူးညံ့ညံ့အိအိစက်​စက်​နှင့်​ကျယ်​ဝန်း​သော
သစ်​သားကုတင်​တစ်​ခု​ပေါ်မှာ လှဲ​လှောင်း
နေတာကိုပဲဖြစ်​တယ်​။ ပြီး​တော့
သူ့လက်​​မောင်း​တွေကြားထားမှာလည်း
သခွားသီးဖက်​လုံးတစ်​လုံးကို
ဖက်​ထား​သေးသည်​။

ဘာကြီးတုန်း? ဒါက​ဆေးရုံနဲ့လုံးဝမတူဘူး
ပြီး​တော့ ငရဲပြည်​နဲ့လည်း လုံးဝမတူ​ပေါင်​...

ရှီကျင်းသည်​ ​တွေ​ဝေစွာ
မျက်​​တောင်​ပုတ်​ခတ်​ပုတ်​ခတ်​ဖြင့်​ သူ့နဖူးသူ
စမ်းရန်​ လက်​ကို​မြှောက်​လိုက်​သည်​။

သူ ကုန်​တင်​ကားနဲ့တိုက်​မိသွားတာ
မဟုတ်​ဘူးလား...သူ သူခိုးတစ်​​ယောက်​​နောက်​ကို 
နောက်​​ယောင်​ခံလိုက်​ရင်း မီးနီကို
ဖြတ်​​မောင်းလာတဲ့ကုန်​တင်​ကားနဲ့?
ဟိုက အရှိန်​နဲ့မို့ တိုက်​မိရင်​ အသက်​ရှင်​နိုင်​စရာ
အ​ကြောင်း​ကိုမရှိတာ

အခုက ဘာ​တွေဖြစ်​​နေတာတုန်း?

< သင်​ဟာ ပြန်​လည်​​မွေးဖွားလာတာပါ>

တက်​တက်​ကြွကြွဖြစ်​​နေ​သော စက်​ရုပ်​လို
အသံတစ်​ခုက ရုတ်​တရက်​ သူ၏​ခေါင်း
အတွင်းမှ ထွက်​​ပေါ်လာ​သော​ကြောင့်
ရှီကျင်းသည်​ သတိအ​နေအထားအတိုင်း
ထထိုင်​မိသွားသည်​။သူလည်း အခန်းတွင်းကို
လှုပ်​လှုပ်​ရှားရှား ​ဝေ့ကြည့်​ရင်း

"ဒါ ဘယ်​သူ​ပြော​နေတာလဲ!"

<ကျွန်ုပ်​​လား? သင့်​ရဲ့​အသက်​သခင်
ကျေးဇူးရှင်​​ရွှေ​ရောင်​လက်​​ချောင်း​လေးပါ
ကျွန်ုပ်​​ကို ​​​ရှောင်​စစ်​ လို့​ခေါ်ဆို​နိုင်​ပါတယ်​"

" '​သေခြင်းတရားအားရယ်​မောခြင်း' ဆိုတဲ့
အဓိပ္ပါယ်​ကြီးလား?"

< ' ​သေခြင်းတရား​လေး'လို့ အဓိပ္ပါယ်​ရတာပါ
ကျွန်ုပ်​ရဲ့ တရုတ်​စာကျွမ်းကျင်​မှုက 
တော်တော်​အဆင့်​မြင့်​တယ်​​လေ..​ကျေးဇူး>

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now