|၂၂|

4.6K 1K 17
                                    


အခန်း(၂၂)
ရှင်​သန်လွတ်​​မြောက်ဖို့ အ​ကြောင်းရင်း

ဒဏ်​ရာအနာတရများရခဲ့​သော်​လည်း
ရှီကျင်းသည်​ ယ​နေ့စမ်းသပ်​ချက်​ရလဒ်​ကို
အင်​မတန်​မှ စိတ်​​ကျေနပ်​မိသည်​။

ပထမဦးဆုံးအ​နေနဲ့ ဝတ္ထုဇာတ်​​ကြောင်းသည်
ဟာကွက်​များရှိ​ကြောင်း ဆုံးဖြတ်​နိုင်​ခဲ့သည်​။
ပြီး​နောက်​ သူ့အစ်​ကိုများသည်​ သူ့အား 
သေချာ​ပေါက်​ သတ်​ချင်​ခဲ့ခြင်းမျိုးမဟုတ်​ခဲ့။
အနည်းဆုံး ရုန်​ကျိုးကျုံးသည်
ထိုသို့​တွေးထားရင်​​တောင်​ အမှန်​တကယ်
မလုပ်​ချင်​ခဲ့ တစ်​နည်းအားဖြင့်​ မလုပ်​နိုင်​​ပေ။

ဒုတ်​ယအချက်​အ​နေနဲ့ ယူနစ်​ဘား၏
တက်​လိုက်​ကျလိုက်​ဖြစ်​ခြင်းသည်
အ​တော်​ပြဿနာများ၍ ထိုအရာနှင်
့ဖြစ်​လာမည့့်​အန္တရာယ်​တို့ဆက်​နွယ်​ပုံကို
တစ်​​ခေါက်​ပြန်​စမ်းစစ်​ဖို့ လိုအပ်​သည်​။

နောက်​ဆုံးအချက်​က​တော့
အမှတ်​အတိုးအ​လျော့သည်​ 
သေ​စေနိုင်​​သောအချက်​များအပြင်
တခြားအ​ကြောင်းအရာများပါဝင်
လွှမ်းမိုး​နေနိုင်​လား ထိုသို့မဟုတ်
သူသ​ဘော​ပေါက်​ထား​သော ​သေ​စေနိုင်​သည့်
အချက်​များမှာ မပြည့်​စုံ၍လား ဟူသည်​ကို 
တွေးဆရမည်​။

ရှောင်​စစ်​၏အမူအရာမှာ နားမလည်​​ကြောင်း 
ဖော်​ပြ​နေသည်​။

ရှီကျင်း ရှင်းပြသည်​။

"​သေ​စေနိုင်​တဲ့အချက်​​တွေကို
'ပကတိ​သေချာတဲ့အ​ကြောင်းခံ' နဲ့
'မတိကျ​သွေဖီတဲ့အ​ကြောင်းခံ' ဆိုပြီး
နှစ်​မျိုးခွဲခြားနိုင်​တယ်​၊ လျန်​ကျွင်းရဲ့
ယူနစ်​ဘားက များ​သောအားဖြင့်​ 
ပကတိသေချာတဲ့အ​ကြောင်းခံ နဲ့သက်​ဆိုင်​တယ်​။
ဥပမာအားဖြင့်​ သူ့ခန္ဓာကိုယ်​အ​ခြေအ​နေ၊
သူ့အနီးနားမှာ ရှိတဲ့ရန်​သူနဲ့ သူ​ရောက်​​နေတဲ့
နေရာက အန္တရာယ်​များတာ အဲ့လိုအချက်​​တွေ​ပေါ့။

ဒါပင်​မဲ့ ငါ့ယူနစ်​ဘားကကျ မတူဘူး၊
အဲ့တာက ရိုလာကိုစတာလို
တက်​သွားလိုက်​ကျသွားလိုက်​နဲ့မတိကျတဲ့
အ​ကြောင်းခံတွေက လွှမ်းမိုး​နေတာပဲ။
ဥပမာ ငါအစ်​ကို​တွေ ဒါမှမဟုတ်
တခြားအမည်​မသိလူ​တွေက သတ်​ဖို့
ဆန္ဒရှိ​နေတာမျိုး​ပေါ့။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Kde žijí příběhy. Začni objevovat