|၁၃|

5K 1K 42
                                    


အခန်း(၁၃)Zero Degrees

လျန်​ကျွင်းသည်​ ကြည့်​လက်​စဖိုင်​အား
ပိတ်​ကာ စားပွဲ​နောက်​မှ ထွက်လာပြီးပြောသည်​။

"ငါနဲ့ လိုက်​ခဲ့"

ရှီကျင်း ​ကြောင်​​တောင်​​တောင်​ဖြစ်​သွားသည်​။
"ကျွန်​​တော်​တို့ ဘယ်​သွားမလို့လဲ"

"​သေနတ်​ပစ်​ ​လေ့ကျင့်​ဖို့"
လျန်​ကျွင်းသည်​ သူ့​ခြေ​ထောက်​အားဖုံးထား​သော
စောင်​ပါး​လေးကိုဖယ်​ကာ ရှီကျင်းအား
အနားလာပြီး သူ့ဝှီးချဲအားတွန်းဖို့
အချက်​ပြသည်​။ထို့​နောက်

"ြေ​မ​အောက်​ထပ်​ဆီသွားဖို့
သီးသန့်​ဓာတ်​​လှေကားဆီ သွား"

Nightlightမှာ ​သေနတ်​ပစ်​​လေ့ကျင့်​တဲ့​နေရာ
တကယ်​ကြီးရှိတာလား..

ရှီကျင်းအံ့သြသွားမိကာ ဝှီးချဲလက်​တွန်းအား
သွက်​သွက်​ဆုပ်​ကိုင်​ပြီး သွား​တော့သည်​။

အရင်​တည်းက Gua Er၏ရှင်းပြထားမှု​ကြောင့်
ဒီကလပ်​သည်​ လျန်​ကျွင်း၏ကိုယ်​ပိုင်​နယ်​​မြေ
ဖြစ်​​ကြောင်း သိထားပြီးဖြစ်​သည်​။
အထက်​တန်းစားကလပ်​တစ်​ခုပုံဖြစ်​​သော်​လည်း
လာ​ရောက်​​သော ဧည်​သည်​များနှင့်
အသင်းဝင်​များမှာ သာမန်​လူများမဟုတ်​ပေ။
စီးပွား​ရေး​လောကမှ လယ်​ဗယ်​တူ ညီ​နှောင်​များ
သို့မဟုတ်​ "ပျက်​သုဉ်းခြင်း" အဖွဲ့အစည်းဖြင့်
ပူး​ပေါင်းထား​သော စစ်​ဘက်​ဆိုင်​ရာ
လျှို့ဝှက်​​ထောက်​လှမ်း​ရေး​အေးဂျင့်​များ
စ​သောသူများသာ ​တွေ့ရသည်​။

ရှီကျင်းလည်း ဒီရက်​ပိုင်းအလွန်​အားယား​နေ၍ 
ရှောင်​စစ်​အား ​ကလပ်​၏အလွှာတိုင်း​ရဲ့
အ​သေးစိတ်​အချက်​အလက်​များအား
စုံစမ်း​ခိုင်းထားသည်​။
မြေ​အောက်​လွှာရှိ​ကြောင်း ရှာ​တွေ့ထားသည်​မှာ
ကြာပြီဖြစ်​​သော်​လည်း ​သေနတ်​ပစ်​ခန်းလို့
မထင်​မိဘဲ ပစ္စည်း​သို​လှောင်​ရာ အထပ်​လို့သာ
တွေးထားမိသည်​။

နောက်​ဆုံး​တော့.....​မြေ​အောက်​အဖွဲ့အစည်းရဲ့
အဖွဲ့ဝင်​တစ်​​ယောက်​ရဲ့ခံစားချက်​မျိုး ရလာပြီ...

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now