အခန်း(၄၇) "9"
အဆုံးမှာတော့ Gua Jiuကပဲ
ရှီကျင်း၏အကျပ်အတည်းကို
ဖြေလျော့ပေးလိုက်သည်။
သူသည် လူငယ်လေးပုခုံးကိုပုတ်ကာ
ပင်လယ်ဆီသို့ ညွှန်ပြသည်။"Nine Eagles လာပြီ"
ရှီကျင်းလည်း ထိုသူပြရာဘက်သို့
ချက်ချင်းလှည့်ကြည့်လိုက်သည်။
သူ့လက်ခလယ်ကို မသိမသာပြန်ကွေးကာ
လက်ပြန်ချပြီး ဘာမှမဖြစ်ခဲ့သလို
ခပ်တည်တည်ပဲနေလိုက်သည်။အဝေးတစ်နေရာတွင် တကယ်ကို
သင်္ဘောကြီးတစ်စင်းပေါ်လာသည်။၎င်း၏
ဘေးတစ်ဖက်တစ်ချက်ဆီတွင် လင်းယုန်ပုံပါသော
ရွှေရောင်အလံများအလွင့်လွင့်ပါလာ၍
အလွယ်လေးသတိထားမိစေသည်အထိ
ဝင့်ကြွားထည်ဝါသည်။Nine Eaglesဆိုက်ရောက်လာသည်ကို
တခြားအဖွဲ့အစည်းများလည်း သတိပြုမိရာ
ဆိတ်ငြိမ်နေသောကုန်းပတ်မှာ တဟုန်ချင်း
ကျွတ်ကျွတ်ညံလာသည်။"Nine Eaglesပဲ.."
"သူတို့က တစ်နှစ်ပြီးတစ်နှစ်
ပိုနောက်ကျလာတယ်..""Annihilationကတောင် သူတို့ကို
မထိန်းချုပ်နိုင်တော့ဘူး ကြားတယ်"အမျိုးစုံသောမှတ်ချက်များနဲ့ စကားသံများသည်
ကုန်းပတ်လည်တစ်လျှောက်
တစ်စတစ်စထွက်လာတော့သည်။
ရှီကျင်းသည် ရှောင်စစ်၏
အကြားအာရုံမြှင့်တင်buffကြောင့်
သူတို့ပြောသည်များကို ရှင်းရှင်းလင်းလင်း
ကြားနေရသည်။
သူသည် Nine Eaglesသင်္ဘောကို
လှမ်းကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။သူတို့က Annihilationကို
အကျိုးယုတ်စေတဲ့
အဟန့်အတားတောင် ဖြစ်နေပြီပဲ..."ဟန်သမားတွေ"
အမျိုးသမီးတစ်ဦးက ရုတ်တရက်
အထင်သေးသလိုထပြောသည်။
သူမသည် အသက်လေးဆယ်ဝန်းကျင်ရှိကာ
ဆံပင်ခပ်တိုတိုနဲ့ ကောင်းမွန်စွာ
ဝတ်စားထားသည်။ သူမအသံမှာ
မကျယ်သော်လည်း
ကွဲပြားသောအသံအက်ရှရှကြောင့် လူတိုင်း၏
အာရုံကိုဖမ်းစားလိုက်သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...