|၅၀|

4K 908 87
                                    

အခန်း(၅၀) ရိုးစင်းသောမေးခွန်း

ဒီလိ့လို..မအိမ်လုံးကောင်..

လျန်ကျွင်း၏အားနည်းချက်ကို
ဒီလိုအထင်အမြင်သေးစွာတွေးပုံမျိုးက
ရှီကျင်းကို ဒေါကန်စေသည်။ ထို့ကြောင့်
ရှီကျင်း မနေနိုင်စွာ ကဲ့ရဲ့လိုက်တော့သည်။

"ခင်ဗျားက အူတိုနေတာလား?"

သူ့စကားသံတို့မှာ ရှင်းလင်းပြတ်သားပြီး
ပီပီသသရွတ်ဆိုလိုက်သဖြင့် အားလုံး၏အာရုံကို
ချက်ချင်းဆွဲဆောင်လိုက်သည်။ တစ်ချို့သူများမှာ
သူတို့အုပ်စုဆီ မသိမသာအာရုံထားနေခဲ့ကြရာ
ရှီကျင်း၏မေးခွန်းအပြီးမှာတော့ ဒီစိတ်ဝင်စားစရာပွဲကို
ပေါ်ပေါ်ထင်ထင်ပဲ ဝိုင်းကြည့်လာကြသည်။

ကျိုယန်မျက်နှာပေါ်ရှိ ဖျက်လိုဖျက်ဆီးအပြုံးမှာ
တောင့်ခဲသွားပြီး မျက်မှောင်ကြုတ်လိုက်ကာ

"မင်းဘာပြောလိုက်တယ်?"

ရှီကျင်းသည် အစောပိုင်းက ကျိုယန်ချိတ်ဆွဲခဲ့သော
'အဆုံးတော့ အဲ့လိုသဘောပဲကိုး'ဆိုသည့်
အမူအရာမျိုးကို ထပ်တူလုပ်ပြီး ကျယ်လောင်စွာ
ပြောလိုက်သည်။

"ကျွန်တော်ပြောတာ_ ခင်ဗျားက ကျွန်တော့်ကို
မနာလိုနေတာ၊ ကျွန်တော့်ငယ်ရွယ်ပုံ..
ကျွင်းရှောက်ဘေးမှနေလို့ရတာကို မနာလိုတာ။
ခင်ဗျား ကျွင်းရှောက်ကို ကြိုက်နေတာလား?
အဲ့လိုမှမဟုတ်ရင် ကိုယ်ကြိုက်နေတဲ့ကောင်လေးရဲ့
အာရုံစိုက်တာခံချင်နေတဲ့ ဂျစ်ကန်ကန်မင်းသမီးလေးလို
ဘာလို့ပြုမူနေတာလဲ? ရည်ရွယ်ချက်ရှိရှိကို
နေ့တိုင်းလိုက်နှောက်ယှက်တယ်...
သူ့ကိုလှတယ်လို့လည်းပြောတယ်။ အတိတ်က
သူ့ကိုကြိုက်ခဲ့တဲ့လူတွေအပေါ်လည်း တအား
စိတ်ဝင်စားလွန်းတယ် အခုကျတော့လည်း
ကျွန်တော့်ကို မောင်းထုတ်ဖို့ကြိုးစားပြန်ပြီ။
ဒါပုံမှန်မဟုတ်ဘူးနော် ခင်ဗျားသိလား။
ခင်ဗျားသင်္ဘောကို ကျွန်တော်တို့သင်္ဘောနား
တော်တော်ကပ်ပြီး ကျောက်ချထားတယ်—
ကျွင်းရှောက် ခင်ဗျားကိုသတိထားစေချင်တာ
ကြောင့်ဆိုတာ ကျွန်တော်ပြောရဲတယ်။
လူငယ်တွေအချစ်က ကြောက်ဖို့ကောင်းတယ်လို့
ခင်ဗျားကပြောတယ် ဒါပေမဲ့ ကျွန်တော်ကတော့
ပုခက်လုဖို့ကြိုးစားနေတဲ့ လူအိုကြီးကမှ
ပိုရွံစရာကောင်းတယ်လို့ ထင်တယ်..
ကျွင်းရှောက်ရှေ့ လတ်လျားလတ်လျားလုပ်နေတာ
ရပ်ပါတော့ စိတ်ရှုပ်စရာကောင်းလွန်းလို့"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now