|၃၀|

4.8K 957 42
                                    

အခန်း(၃၀)ဖျားနာငြ်း

စိတ်​​အေးရ​စေဖို့အလို့ငှါ ရှီကျင်းသည်
လျန်​ကျွင်းအမှန်​တကယ်​ စိတ်​ဆိုး​နေသလားကို
ဆုံးဖြတ်​ရန်​ ခိုး​ကြောင်​ခိုးဝှက်​ စူးစမ်းဖို့
ကြံစည်​ထား​သော်​လည်း လျန်​ကျွင်းမှ
ထိုအခွင့်​အလမ်းအား မ​ပေး​ချေ။လက်​ကို
ပတ်​တီးစည်းထားပြီး​နောက်​ အနားယူရမည်​ကို
မယူဘဲ ​ယောင်​လည်​လည်​လုပ်​​နေသည်​ကိုြ
မင်​​သောအခါ လျန်​ကျွင်းသည်​ ရှီကျင်း၏
အင်္ကျီကိုဆုပ်​ကိုင်​လျက်​ တရွတ်​တိုက်​ဆွဲသွားကာ
သူ့အခန်းအပြင်​ဘက်​သို့ကန်​ထုတ်​ပြီး
တံခါးပိတ်​လိုက်​​တော့သည်​။

"ငါ့ကိုဘာလို့ ​မောင်းထုတ်​ပစ်​ရတာလဲ ?
သူအနားယူ​နေတာကို ​နှောင့်​ယှက်​​နေတာလည်း
မဟုတ်​ဘဲ. . . "

ရှီကျင်းမှာ လက်​​လျော့ရန်​ စိတ်​မရှိစွာ
ချဉ်​တင်​တင်​​ပြောသည်​။
"သူတစ်​​ရေးအိပ်​​နေချိန်​ဆို Gua Jiuက
အပြင်​ဘက်​ခန်းက ဆိုဖာမှာ ​နေခွင့်​ရှိပြီး​တော့ "

ရှောင်​စစ်​မှ အမှန်​တရားကို တည့်​​ပြောလိုက်​သည်​။
<ကျင်းကျင်းက အခုအရမ်းညစ်​ပတ်​​နေတာ​ကြောင့်
ထင်​တယ်​>

ရှီကျင်းသည်​ ကိုယ့်​ကိုယ်​ကို ပြန်​ကြည့်​ကာ
"မညစ်​ပတ်​ပါဘူး ! ဒီမနက်​ကတင်
အဝတ်​အသစ်​လဲထားတာ​လေ ! "

<အင်း...ဒါ​ပေမဲ့ ရက်​အ​တော်​ကြာ 
ရေမချိုးရ​သေးဘူးမလား ၊ ပြီး​တော့ 
ခေါင်းလည်းမ​လျှော်​ထားဘူး...>
ရှောင်​စစ်​မှ အားမနာတမ်း​ပြောသည်​။

ရှီကျင်း၏အမူအရာမှာ ​တောင့်​တင်းသွားသည်​။
မစ်​ရှင်​စလုပ်​စဉ်​တည်းက ​ရေမချိုးရ​သေးတာ
အမှန်​ပင်​ဖြစ်​သည်​။ဤသည်​ထက်​ ထိုအချိန်
အ​တောအတွင်း အကြိမ်​များစွာ ​မြေကြီး​ပေါ်
လူးလိမ့်​ထား​သေးသည်​။ထိုသို့တွေးမိမိချင်းပင်
ရုတ်​တရက်​ တစ်​ကိုယ်​လုံးယားလာသလို
ခံစားလာရသည်​။

"ငါ့ကို ရှန့်​အာ့ထင်​ ဟို​တယ်​ကို
ခေါ်သွားတုန်းက မသန့်​စင်​​ပေးခဲ့ဘူးလား ? "

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now