|၂|

8.2K 1.3K 27
                                    

အခန်း(၂)ထွက်​​ပြေးခြင်း

ရှီကျင်းသည်​ အခန်းတွင်း စိတ်​လှုပ်​ရှားစွာ
လမ်း​လျှောက်​​နေသည်​။

ရှောင်​စစ်​သည်​လည်း အလွန်​စိုးရိမ်​စွာဖြင့်
သူ၏လက်​သည်းများအား ကိုက်​​နေသံလိုမျိုး
စိတ်​အတွင်း ​ဖော်​ပြလျက်​ရှိသည်​။

ရှီကျင်းသည်​ ထိုကိစ္စကို စိတ်​ထဲမထားဘဲ
"ဇာတ်​​ကြောင်းအရဆိုရင်
ရှီကျင်းအ​မွေဆက်​ခံလိုက်​တာ​ကြောင့်
ညီအစ်​ကို​တွေအားလုံးရဲ့စိတ်​နှလုံးက
လုံးဝ​အေးစက်​သွားပြီး သူတို့ရဲ့ရက်​စက်​မှုကို
စတင်​ခဲ့တာ​လေ။ ငါအ​မွေကိုလက်​ခံလိုက်​မှ
ဘားတန်းက အမှတ်​ဝက်​​လောက်​တက်​သွားရမှာ
မဟုတ်​ဘူးလား!"

ဒေါက်​ ​ဒေါက်​ ​ဒေါက်

ရှီကျင်းနှင့်​​ရှောင်​စစ်​သည်​ စကား​ပြောခြင်းကို
ရပ်​တန့်​လိုက်​ပြီး တံခါးဆီကို
တစ်​ပြိုင်​နက်​တည်း ကြည့်​လိုက်​ကြသည်​။

"သခင်​​လေး, အကြီးဆုံးသခင်​လေးက
ဖုန်း​ခေါ်​နေပါတယ်​"
အိမ်​​တော်​ထိန်း၏အသံဟာ
တံခါးတစ်​ဘက်​ခြမ်းမှ ထွက်​​ပေါ်လာသည်​။

"လူသတ်​သမား နံပါတ်​(၁)က
ဖုန်း​ခေါ်​နေတယ်​ ငါ ကိုင်​သင့်​လား
မကိုင်​သင့်​ဘူးလား?"
ရှီကျင်းသည်​ မျက်​​မှောင်​ကြုတ်​လျက်
တိုးတီး​ပြောလိုက်​သည်​။

<ယူနစ်​ဘားပြည့်​ဖို့ အမှတ်​၀.၅ပဲ
လို​တော့တယ်​။ တစ်​ခုခု
စက်​ချို့ယွင်း​နေတာမျိုးလည်းမရှိဘူး>
ရှောင်​စစ်​၏အသံမှာ တုန်​ယင်​​နေသည်​။

ရှီကျင်းဟာ တုံ့ဆိုင်းသွားပြီး
"ဒါဆို ယူနစ်​ဘားပြည့်​သွားတာနဲ့ ငါက
ချက်​ချင်းကြီး လဲ​သေသွားမှာလားဟင်​?"

ထို့​နောက်​ ရှီကျင်း၏မျက်​လုံးများ
အ​ရောင်​​တောက်​သွားသည်​။

ရှောင်​စစ်​သည်​ ​​ထပ်​၍​အော်​ငို​တော့မည့်​အလား
အသံ​ပြု​လေသည်​။

ရုတ်​တရက်​ လဲ​သေသွားတာထက်​ 
ကြောက်​ဖို့​ကောင်းတဲ့နည်းလမ်းရှိတယ်​!

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ