အခန်း(၃၄)ဟင်းပွဲတစ်ရာ
ပဉ္စမအစ်ကိုလီကျိုးကျန့်မှာတော့
ဖေးယွီကျင့်နဲ့မတူစွာ ရှီရှင်းရွယ်ဆုံးပါးပြီး
နောက်တွင် ပိုအဆက်အသွယ်ရခဲ့သည်။လီကျိုးကျန့်သည် ဆေးပညာကို စောစီးစွာ
စတင်လေ့လာခဲ့သော ဉာဏ်ကြီးရှင်
ကလေးတစ်ယောက်ဖြစ်သည်။
ဖေးယွီကျင့်ကဲ့သို့ ကမ္ဘာပတ်နေရခြင်းမျိုး
မဟုတ်သော်လည်း သူသည်လည်းထပ်တူ
အလုပ်များသောလူဖြစ်သည်။ကျောင်းစာများ
မပြီးပြတ်သေးသောကြောင့်၊သုတေသနများ
ပြုလုပ်နေသောကြောင့် တစ်နှစ်တွင်
ခြောက်လလောက် အဆက်အသွယ်ပြတ်လေ့
ရှိသည်။ဖုန်းဆယ်ကြိမ်ခေါ်လျှင်
ကိုးကြိမ်လောက်က ဖုန်းပိတ်ထားတတ်သည်။
နောက်ပိုင်း ကိုယ်ပိုင်ပုဂ္ဂလိကဆေးရုံဖွင့်နိုင်ချိန်မှာ
တော့ ဖုန်းပြန်ဖြေလိုက်ခဲ့သည်။သို့သော်လည်း
အရေးပေါ်လူနာများအခြေအနေကြောင့်
လူချင်းတွေ့ရန် ခက်ခဲဆဲဖြစ်သည်။
'အားလား'ဟုမေးလိုက်လျှင် သူ၏အဖြေမှာ
သေချာပေါက်'No'ဖြစ်သည်။
သူသည် အစ်ကိုငါးယောက်ထဲမှ မသင်္ကာစရာ
အကောင်းဆုံးအစ်ကိုဖြစ်ပြီး
မူလရှီကျင်းအပေါ်ထားရှိသောသဘောထားမှာ
ပုံမှန်မဟုတ်ဆုံးဖြစ်သည်။သူတို့တွေ့တိုင်း
ရှီကျင်းအား သူပြုလုပ်ထားသောကိရိယာ
အဆန်းလေးများ ပေးလေ့ရှိသည်။ရှီကျင်း၏
ကျောင်းစာကိုလည်းအချိန်ရလျှင်
ကူလုပ်ပေးလေ့ရှိသည်။
သို့သော် အိမ်စာကူလုပ်ပေးချိန်မဟုတ်လျှင်
ရှီကျင်းအား သူမှအရင်စကားပြောလေ့မရှိချေ။
သူ့အားလပ်ချိန်များကို ကိုယ်ပိုင်ကမ္ဘာထဲ
တစ်ယောက်တည်းစာဖတ်ရင်း
ပိတ်လှောင်ထားတတ်သည်။
လီကျိုးကျန့်မှာ စကားနည်းသည်။
တိတ်ဆိတ်မှုကိုနှစ်သက်သည်။
ဘယ်ကိစ္စကိုမှ တက်တက်ကြွကြွ
ဝင်စွက်ဖက်လေ့မရှိဘဲ ရေမျောငါးပါနေတတ်သည်။
သူသည် အဖွဲ့ထဲမှအမြဲကွဲထွက်နေတတ်ပြီး
တစ်ခါတစ်ခါ တစ္ဆေတစ်ကောင်လိုသာ
ပေါ်လာတတ်သည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...