|၂၉|

4.4K 935 76
                                    

အခန်း(၂၉)အိပ်​မက်

ရုန်​ကျိုးကျုံးသည်​ ချန်​ချင်​ကို ရှီ​ဝေချုံးနှင့်
ကြားညှပ်​ပြီး ရှန့်​အာ့ထင်​အနီးထိုင်​ချလိုက်​သည်​။
ထို့​ကြောင့်​ လျန်​ကျွင်းနှင့်​သူငယ်​ချင်း​ဟောင်း၏
နေ့လည်​စာ စားသုံးမည့်​ပုံရိပ်​မှာ
လုံးလုံးပြိုပျက်​သွား​တော့သည်​။

ရှီကျင်းလည်း လျန်​ကျွင်း အနည်းနှင့်​အများ
လုံခြုံသွားပြီကို စိတ်​ချရ​သော​ကြောင့်
ရန်​စသည်​ကို ရပ်​ဆဲရန်​ ဆုံးဖြတ်​လိုက်​သည်​။
ရှန့်​အာ့ထင်​၏ကုတ်​အင်္ကျီကို ပြန်​​ပေးလိုက်​ပြီး
သူ့အစ်​ကိုများအတွက်​ ပန်းကန်​ဇွန်း​ခွက်​များ
သွားယူ​ပေးဟန်​အ​ကြောင်းပြချက်​နှင့်
အတွင်းခန်းမှထွက်​လာကာ Gua Erကို
လိုက်​ရှာသည်​။

Gua Erသည်​ အပြင်​ဘက်​အခန်းရှိ
စားပွဲဝိုင်းတွင်​မှီတွယ်​လျက်​ရှိသည်​။ရှီကျင်း၏
လေးနက်​​သောအမူအရာကိုမြင်​​သောအခါ
မျက်​ခုံးပင့်​လျက်​​မေးလိုက်​သည်​။

"ဘာဖြစ်​တာလဲ ? မင်းအစ်​ကို​တွေရဲ့
အနိုင့်​ကျင့်​တာ ခံခဲ့ရလို့လား ? "

"မဟုတ်​ဘူး"

ရှီကျင်းသည်​ သူ့အနားသို့တိုးကပ်​လာပြီး
အသံကိုနှိမ့်​ချကာ

"ကျွန်​​တော့်​အစ်​ကို​ကို သွားကြို​တော့ 
ဘေးခန်း​တွေမှာ လူ​တွေရှိ​နေတာ သတိထားမိတယ်​။
စားပွဲထိုးက​ပြော​တော့ ဒုတိယထပ်​နဲ့တတိယထပ်​မှာ
ဒီ​နေ့လူမရှိဘူးတဲ့၊ ဒါထူးဆန်း​နေတယ်​လို့
ကျွန်​​တော်​ထင်​တယ်​. . .ကျွန်​​တော်​တို့
ပိုဂရုစိုက်​တာ​ကောင်းမယ်​ "

Gua Er၏မျက်​လုံးများမှာ ဝင်းလက်​သွားပြီး

"အခန်း​တွေက ​သေချာ​ပေါက်
အလွတ်​ဖြစ်​သင့်​တာ..။မစ္စတာချန်​​ပြောတာ​တော့
ကျွင်း​ရှောက်​ရဲ့သူမတူတဲ့အ​ထောက်​အထား
အ​ခြေအ​နေ​ကြောင့်​ ဒီနှစ်​လွှာလုံးကို
ဘိုကင်​တင်​ထားတယ်​တဲ့။
ဘယ်​အခန်းမှာ လူမြင်​ခဲ့တာလဲ ? သူတို့ကို
ဘယ်​လို​တွေ့သွားတာလဲ ? "

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now