|၄၆|

4.7K 948 82
                                    


*အဖွဲ့အည်းနာည်​​တွေကို Engလိုပဲသုံးမှာမို့
လျန်ကျွင်းတို့အဖွဲ့ကိုည်း ​Annihilation လို့ပဲ
ရးသွား​တော့ယ်​​နော်

အခန်း(၄၆)အ​လောင်းအစား

နောက်​တစ်​​နေ့မနက်​တွင်​ Gua Erသည်
အစိုးရအမှု​ဆောင်​နှစ်​ဦးနှင့်​အတူ ပြန်​​ရောက်​လာသည်​။

တံတား​ပေါ်မှရပ်​ကြည့်​​နေ​သောရှီကျင်းသည်
ထိုသူနှစ်​ဦးကို မြင်​လိုက်​သည်​။တစ်​​ယောက်​မှာ
ရာထူးမြင့်​​ကြောင်း ထင်​ရှား​သောတံဆိပ်​များနဲ့
စစ်​တပ်​ယူနီ​ဖောင်းကိုဝတ်​ဆင်​ထားပြီး
နောက်​တစ်​ဦးမှာ​တော့ အ​နောက်​တိုင်းဝတ်​စုံသာ
ဝတ်​ထား​သော်​လည်း  အ​ရေးပါ​သောလူ
ဖြစ်​ပုံရသည်​။ရှီကျင်း နည်းနည်းစိုးရိမ်​သွားကာ
Gua Jiuကို လှည့်​​မေးလိုက်​သည်​။

"သူတို့က ဘယ်​သူ​တွေလဲ?"

Gua Jiuသည်​ Laptopတွင်​ စာရိုက်​ရင်း
ခေါင်းပင်​​မော့မကြည့်​​ပေ။

"အရပ်​ပုပု ခန္ဓာကိုယ်​​တောင့်​​တောင့်​နဲ့
ထိပ်​​ပြောင်​တဲ့လူကြီးက ဒီ​တွေ့ဆုံပွဲကိုဦးစီးတဲ့သူ​,
ကျန့်​ကျိုးယွမ်၊ အစိုးရဌာနတစ်​ခုရဲ့ဒါရိုက်​တာ
တစ်​​ယောက်​...သူကနှစ်​တိုင်းလာလို့
အားလုံးကရင်းနှီး​နေပြီ။ နောက်​တစ်​​ယောက်​က
ရေတပ်​ဗိုလ်​ချုပ်​ကြီး လျိုကျန့်​ကျွင်း...
ဒီကိုအမိန့်​အရ​ရောက်​လာတာ၊သူကလည်း
ကျွင်း​ရှောက်​လိုပဲ တက်​​ရောက်​မဲ့
မြေ​အောက်​ဂိုဏ်း​ခေါင်း​ဆောင်​​တွေကို​စောင့်​ကြည့်​ဖို့
တာဝန်​ကျတယ်​...ဒါ​ပေမဲ့ ဒီပွဲကို
အခုမှတက်​ဖူးတာ—သူက စစ်​တပ်​ထဲဝင်​ဖူးတယ်​"
 

သူသည်​ နား​ထောင်​ရင်း
လျန်​ကျွင်းယူနစ်​ဘားကိုတစ်​ချက်​စစ်​လိုက်​သည်​။
၆၀၀တွင်​သာရှိကာ မတက်​လာသည်​ကိုမြင်​မှ
နည်းနည်းစိတ်​​အေးသွားသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now