|၁၁|
5.4K 1.1K 33
အခန်း(၁၁) ရာထူးတိုးငြ်း
ရှီကျင်းသည်​ စိတ်​မသက်​မသာဖြစ်​လွန်း၍
ကားအတွင်းမှ အ​ငွေ့ပျံ​ပျောက်​သွားချင်​စိတ်​ပင်
ဖြစ်​နေသည်​။
ရှောင်​စစ်​မှာ ရှီကျင်း ရှက်​စိတ်​ဖြင့်​ 
စိတ်​မ​ပျော်​မရွှင်​ဖြစ်​​နေသည်​ကို လုံးလုံးမရိပ်​မိကာ
ဝင့်​ကြွားစွာဆိုလေသည်​။
<ကျင်းကျင်း မရှက်​ပါနဲ့ မ​နေ့က ကျင်းကျင်း
အ​ကောင်းဆုံးလုပ်​ခဲ့တာပဲ။အားလုံးက 
သေချာ​ပေါက်​ ချီးကျူးမှာပါ!>
ရှီကျင်းမှ တိုးတိုးတီးတီး​ပြောသည်​။
"​ရှောင်​စစ်​ မင်းသိရဲ့လား။
ငါ ရဲသင်​တန်း​ကျောင်းမတက်​ခင်​က
အားကစားမှာလုံးဝမ​ထူးချွန်​တဲ့
လူမှုဆက်​ဆံ​ရေးညံ့ဖျင်းတဲ့
အ​ပေအ​တေတစ်​​ယောက်​ ဖြစ်​ခဲ့တာ"
ရှောင်​စစ်​သည်​ ရှီကျင်းဘာ​ကြောင့်
ဒါကို​ပြော​နေမှန်း နားမလည်​​ပေ။
<အဲ့​တော့?>
"ဒါ​ကြောင့်​ မ​နေ့ညက ငါသုံးခဲ့တဲ့
အကွက်​​တွေကရဲသင်​တန်း​ကျောင်းက 
လေ့လာသင်​ယူခဲ့တာ​တွေ အထူးသဖြင့်
အဲ့အကွက်​​တွေက တရားဝင်​ရဲအရာရှိ​တွေကိုပဲ
သင်​​ပေးတဲ့ အဆင့်​မြင့်​တဲ့တိုက်​ကွက်​နည်း​တွေ​လေ"
ရှီကျင်းသည်​ မနှစ်​မြို့စရာမျက်​ဝန်းများဖြင့်
စာရှင်းပြမည့်​ဆရာတစ်​​ယောက်​လို ရှိ​နေ​သော
Gua Yiအားကြည့်​ရင်း ရှင်းပြသည်​။
"ပြီး​တော့ ဒီဘဝက သခင်​​လေးရှီကျင်းက
မကြာခင်​ကမှ ဝိတ်​ကျသွား​အောင်​လုပ်​နိုင်​ထားတဲ့
အလိုလိုက်​ခံထားရတဲ့ ဖက်​တီးပုတ်လေး​လေ"
ရှီကျင်းသည်​ ​လေးလံစွာ သက်​ပြင်းချသည်​။
"ဒါကို​သေ​သေချာချာ စဉ်းစားကြည့်​တာနဲ့ 
မနေ့ကဖြစ်​ခဲ့တဲ့ စစ်​ဆင်​​ရေးဗီဒီယိုကိုကြည့်
ပြီးရင်​ ဒီမှာထိုင်​​နေတဲ့ လူ​တော်​​တွေက ငါ့ကို
ချီးကျူးမလား သတ်​ပစ်​မလား။
မင်းဘယ်​လိုထင်​လဲ"
 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Dove le storie prendono vita. Scoprilo ora