|၇|

6.1K 1.2K 21
                                    

အခန်း(၇) တိုက်ပွဲမီး​တောက်များ

ပွင့်​လန်း​သောသစ်​သီးဥယာဉ်​ပိုင်​ဆိုင်​​သော
အ​ဆောက်​အအုံအားလုံးသည်​ သုံးဖက်​သုံးရံ
တောင်​များဝန်းရံထားလျက်​ရှိ​သော 
တောင်​ကြားချိုင့်​ဝှမ်းအတွင်း တည်​ရှိသည်​။
ကျန်​တစ်​ဖက်​ခြမ်းမှာ​တော့ ရှီကျင်းအ​ခြေချခဲ့​သော 
တောင်​ကုန်း​ပေါ်ကတစ်​ထပ်​အိမ်​အား
မျက်​နှာမူထားသည်​။
ထိုအိမ်​ငယ်​​လေး၏တခြားဘက်​အခြမ်းတွင်
စွန့်​ပစ်​ခံပန်းခြံနှင့်​ လမ်းမကြီးကိုတွေ့ရမည်​။
ထို့​ကြောင့်​ အားလုံးအား ခြုံကြည့်​ရလျှင်
ဤနေရာ​ဒေသသည်​ အ​တော်​​ကောင်းမွန်​စွာ
ဖုံးကွယ်​ထား​သော တည်​ရှိမှုဖြစ်​သည်​။

ထိုသစ်​သီးခြံမှာ အပြင်​ဘက်​​လောကကြီးအား
ဂိတ်​​ပေါက်​​လေးခုဖြင့်​ဆက်​သွယ်​ထားသည်​။
ဂိတ်​​ပေါက်​တစ်​ခုစီတိုင်းသည်
အ​ရေးကြီးအချက်​ချာကျ​သောဦးတည်​ချက်
တစ်​ခုစီတိုင်းကို မျက်​နှာမူထားသည်​။
ဂိတ်​ဝင်​​ပေါက်​(၂)သည်​ အ​ရှေ့ဘက်​ရှိ
တောင်​နှစ်​လုံးကြားတွင်​ တည်​​ဆောက်​ထားပြီး
ကုန်​တင်​ကားနှစ်​စီးပြိုင်​တူဖြတ်​သွားဖြတ်​လာ
လုပ်​နိုင်​သည်​အထိ ကျယ်​ဝန်းသည်​။
ရှီကျင်း ​ရောက်​ရှိသည့်​အချိန်​တွင်​ သံတံခါးကြီး
များမှာ တစ်​ဖက်​တစ်​ချက်​စီ ကျယ်​ပြန့်​စွာ
ဖွင့်​ထားပြီး ဒါဇင်​ထက်​မနည်း​သော
ကုန်​တင်​ကားကြီးများမှာ ထိုတံခါးကြီးများ
မ​ရောက်​ခင်​ ​ရှေ့ရှိဧရိယာကျယ်​ကျယ်
မြေပြင်​တွင်​ ပါတင်​ထိုးထားကြသည်​။

ရှီကျင်းသည်​ ​မြေပုံအားသိမ်းလိုက်​ကာ 
တောင်​တန်းများဘက်​ရှိဂိတ်​​ပေါက်​ကြီးအား
လှမ်းကြည့်​လိုက်​သည်​။
ထွေ​ထွေထူးထူးအံ့သြစရာ​တော့မရှိ
ပါဘူး။ထိုဂိတ်​​ပေါက်​၏ တစ်​ဖက်​တစ်​ချက်​စီတွင်
အ​စောင့်​စစ်​သားတစ်​ဦးစီ ​စောင့်​ကြပ်​​နေသည်​ကို
သူမြင်​လိုက်​သည်​။

"ကျင်းကျင်း​လေး
 မင်းဘာ​တွေကြည့်​​နေတာတုန်း"
Gua Erသည်​ ဘယ်​​နေရာမှထွက်​​ပေါ်
လာမှန်းမသိဘဲ ရှီကျင်း၏မြင်​ကွင်းကို
သူကိုင်​​ဆောင်​ထား​သောဘုတ်​ပြားချပ်​ဖြင့်
ကာလိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now