|၄၁|

4.3K 982 99
                                    

အခန်း(၄၁)အိမ်​​မွေး​ခွေး/သစ္စာရှိ​ခွေး

ရှီကျင်း အဝတ်​အစားလဲပြီး​နောက်
လျန်​ကျွင်းကို ဗီလာနှင့်​အနီးဆုံးက
ထမင်းစားခန်းမဆီ ​ခေါ်သွားလိုက်​သည်​။

ဤ​နေရာမှာကျယ်​ဝန်းပြီး အတွင်းတွင်​သာမက
အပြင်​ပိုင်းကိုပါ ကမ်း​ခြေစတိုင်
တန်​ဆာဆင်​ထားသည်​။
စားပွဲဝိုင်းတိုင်း၏အလယ်​တွင်
လှပလတ်​ဆတ်​​သောပန်းစည်းများ
ထားရှိထားပြီး အပြင်​ဘက်​ဝိုင်းများတွင်
ရိုးရှင်းလှပ​သောထီးအမိုးများ
အုပ်​မိုးထားသည်​။နေရာတိုင်းကို
ကြည့်​လိုက်​ရုံဖြင့်​ မျက်​စိပ​ဒေသာဖြစ်​​စေသည်​။

စားပွဲထိုးအဝတ်​အစားဝတ်​ထား​သောလူများမှာ
ဟိုဟိုဒီဒီ​ပြေးလွှား​နေပြီး
လျန်​ကျွင်းအားမြင်​​သောအခါ
တစ်​ညီတစ်​ညာတည်းနှုတ်​ဆက်​ကြသည်။

လျန်​ကျွင်းသည်​ သူတို့အား အလုပ်​ဆက်​လုပ်​ဖို့
လက်​ဟန်​ပြ​တော့မှ လူစုကွဲကာ
စကား​ပြောသူက​ပြော ရယ်​မောသူကရယ်​ဖြင့်
အလုပ်​ကိုယ်​စီပြန်​လုပ်​ကြရာ ပတ်​ဝန်းကျင်​က
သက်​​တောင့်​သက်​သာရှိလှသည်​။

ရှီကျင်းသည်​ ထိုသူများကို စပ်​စပ်​စုစုကြည့်​ပြီး
အံ့သြမိသွားသည်​။စားပွဲထိုးများ၏
လေ့ကျင့်​ထား​သောလှုပ်​ရှားမှုများ​ကြောင့်​သာ
မဟုတ်​လျှင်​ ဒီ​နေရာသည်​ ​မြေ​အောက်​ဂိုဏ်း
တစ်​ခု၏ထမင်းစားခန်းလို့ မထင်​ဘဲ
သာမန်​စား​သောက်​ဆိုင်​တစ်​ခုဟုပင်
ထင်​​ကောင်းထင်​နိုင်​သည်​။

လျန်​ကျွင်းသည်​ အပြင်​ဘက်​မှစားပွဲဝိုင်းကို
လက်​ညှိုးထိုးပြပြီး ထို​နေရာသို့သွားရန်
ရှီကျင်းကိုအချက်​ပြသည်​။စားပွဲသို့​ရောက်​​သောအခါ
မီနူးကိုယူပြီး လူငယ်​​လေးဆီ​ပေးလိုက်​သည်​။

"ဒီက သစ်​သီးကိတ်​က စား​ကောင်းတယ်​...
မြည်းကြည့်​ချင်​လား?"

ထိုအခါ ရှီကျင်းလည်း ​ခေါင်း​ပေါ်မှ
အရိပ်​ကျ​နေ​သောအမိုးပုံစံကို စူးစမ်း​နေသည်​ကို
ရပ်​ကာ ဟင်းပွဲများစွာပါရှိ​သောမီနူးကို
ယူလိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now