|၆၀|

4.2K 840 89
                                    

အခန်း(၆၀)မျက်လုံးစ်လုံးတွက် မျက်လုံးစ်လုံး

Old Ghostရောက်ရှိလာသောအချိန်တွင်
ကယ်ဆယ်ရေးဝန်ထမ်းများက အခင်းဖြစ်ပွားရာကို
ရှင်းလင်းပြီး အလောင်းများသယ်ယူသွားဖို့
လုပ်နေပြီဖြစ်သည်။

Gua Yiသည် ထိုသူအား ဗီလာအတွင်းမှ
ကြေကွဲစရာမြင်ကွင်းကိုမမြင်စေချင်၍
တားမြစ်ချင်သော်ငြား လျန်ကျွင်းက
လွှတ်ပေးလိုက်ဖို့ ဆိုလာသည်။

Old Ghostသည် အလောင်းများစီရီထားသော
ခြံဝန်းမျက်နှာစာဆီသို့ တည့်တည့်မတ်မတ်
သွားသည်။စက္ကန့်အနည်းငယ်လောက်
ရပ်နေမိသော်လည်း ပြီးသည်နှင့်
အနက်ရောင်အိတ်များတစ်ခုပြီးတစ်ခုကို
ဆွဲဖွင့်တော့သည်။ နောက်ဆုံးတွင်
သူ့လက်ထောက်အလောင်းရှေ့ရောက်သောအခါ
ဒူးထောက်ထိုင်ကျသွားတော့သည်။ သူ့မေးရိုးနှင့်
လက်ဖမိုးများဖြူသည်အထိတင်းတင်းဖိဆုပ်မိပြီး
မျက်လုံးများရဲတက်လာသည်။
ဒါပေမဲ့ သူမျက်ရည်မကျခဲ့။

လျန်ကျွင်းသည် သူ့အနောက်သို့ရောက်လာပြီး
မိုဘိုင်းဖုန်းတစ်လုံးကိုထုတ်ပေးကာ ဆိုသည်။

"ငါတို့ သူ့ကိုရှာတွေ့တော့ ဘေးမှာရှိနေတာ။
ဒါပေမဲ့ အကူအညီတောင်းဖို့ လုံးဝမသုံးခဲ့ဘူး။
ဗုံးက အဝေးထိန်းစနစ်နဲ့ဖောက်ခွဲခဲ့တာ
ကျန်၁၅ယောက်က အိမ်ထဲမှာဆိုပေမဲ့ သူကတော့
မဟုတ်ခဲ့ဘူး။ ဘယ်လက်ကလက်ချောင်းတွေ
အားလုံးပြတ်နေပေမဲ့ ညာလက်မှာက
လက်မနဲ့လက်ညှိုးကျန်နေတယ်—အဲ့တာက
ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပဲဖြစ်မယ်"

Old Ghostသည် မျက်တောင်ခတ်ပြီး
သူ့ကိုလှည့်ကြည့်သည်။ထို့နောက် မတ်တတ်ထကာ
လျန်ကျွင်းလက်ထဲကဖုန်းကိုဆွဲလုတော့မတတ်
အပြေးရောက်လာသည်။ ၎င်းသည် မှတ်တမ်းတွင်
ဘာနံပါတ်မှမပါရှိဘဲ ကြိုတင်ငွေပေးချေထားသော
ဆင်းမ်ကတ်တစ်ခုပါသည့် ဈေးပေါသော
တစ်ခါသုံးဖုန်းတစ်လုံးဖြစ်သည်။
ဖုန်းတစ်ခါလောက်ခေါ်ဖို့ကတော့
လုံးဝဖြစ်နိုင်ပါသည်။

"သူအကူအညီလှမ်းတောင်းနိုင်တာကို...
သူအကူအညီလှမ်းတောင်းနိုင်ခဲ့တာကိုတောင်...."

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now