အခန်း(၃၁)ဒေါသ
နာမကျန်းဖြစ်ခြင်းသည် မြစ်ကမ်းပါးပြိုသလို
ရုတ်တရက်ပေါ်လာသော်လည်း
ပိုးချည်မျှင်ငင်သလို ပျောက်ကင်းဖို့နှေးကွေးလှသည်။ရှီကျင်း၏အဖျားမှာ တောမီးသကဲ့သို့
အရှိန်အဟုန်အပြည့်ဖြင့် ပူပြင်းလျက်ရှိသည်။
အချိန်အတော်ကြာသည်အထိ ကိုယ်ပူမကျပေ။
ဦးလေးလုံသည် ထိုအချိန်တိုင်း
အဖျားကျဆေးထိုးပေးသော်လည်း
နာရီအနည်းငယ်သည်နှင့်
ကိုယ်ပူပြန်တက်လာမြဲဖြစ်သည်။ထို့သို့
ကြိမ်ဖန်များလာသောအခါ လျန်ကျွင်းသည်
စိုးရိမ်စွာနှင့် ဦးလေးလုံအား
ဆေးစစ်ခိုင်းသည်။ သို့သော်
လူငယ်လေးသည် အဖျားကြီးနေသည်မှလွဲလို့
ဘာရောဂါလက္ခဏာမှမရှိဘဲ
အကောင်းကြီးရှိသေးကြောင်း
အဖြေထွက်လာသည်။အဆုံးမှာတော့ ဦးလေးလုံသည် ရှီကျင်း
ဆေးထိုးကြိမ်များလွန်း၍ စိတ်ရူးပေါက်သွားမှာ
စိုးရိမ်သဖြင့် ရိုးရာနည်း ပြောင်းကုဖို့
ဆုံးဖြတ်လိုက်သည်။ရက်အတော်ကြာ ဘာမှမစားဘဲ
သတိမေ့မျောနေပြီး ပဋိဇီဝဆေးနှင့်သာ
အသက်ဆက်နေရသဖြင့် ရှီကျင်းသည် ပိန်ပါး
ဖြူဖျော့ကာ အစားစားချင်စိတ်မရှိချေ။
ခြေလှမ်းအနည်းငယ်လှမ်းလိုက်တိုင်း
မူးဝေလာကာ စကားပင်မဆိုနိုင်ပေ။
သူ့ကြည့်ရသည်မှာ လျန်ကျွင်းထက်ပင်
နာတာရှည်ရောဂါသည်ပုံပေါက်နေသည်။ရှောင်စစ်သည်လည်း အပြစ်မကင်းသလို
ခံစားရကာ သေချင်စော်နံနေလေသည်။
ရှီကျင်းအားကြည့်လေ သူ၏မဆင်မခြင်
လုပ်ရပ်ကြောင့် ကိုယ့်ကိုယ်ကို
အပြစ်တင်မိလေဖြစ်သည်။ရှီကျင်းဆီသို့
ဒေတာများအားလုံး တစ်ကြိမ်တည်း
ထည့်ပေးလိုက်မည့်အစား ဖောက်သည်စာရင်းကို
အရင်ရှာဖွေလိုက်သင့်ပေသည်။ဆန့်ကျင်ဘက်အနေနှင့် ရှီကျင်းကတော့
အပြစ်မတင်ပေ။နေမကောင်းဖြစ်လိုက်တာကြောင့်
နားရက်ရသွားသဖြင့် အဆိုးထဲမှ
အကောင်းဖြစ်ကြောင်း နှစ်သိမ့်လေသည်။
YOU ARE READING
သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]
ActionTitle: Death Progress Bar "生存进度条" Author: Can't Play Chess(不会下棋 ) ရဲဝန်ထမ်းတစ်ဦးဖြစ်သည့်ရှီကျင်းသည် သူခိုးနောက်သို့လိုက်ရင်း ကုန်တင်ကားတိုက်မိကာ... သူဖတ်နေသော ဝတ္ထုကအဓိကဇာတ်ကောင်ရှီကျင်းဆီသို့ ဝိညာဉ်ကူးပြောင်းသွားခဲ့တော့သည်။ ********** ရဲဝန်ထမ်းတစ်ဦ...