|၃၂|

4.3K 962 36
                                    

အခန်း(၃၂)​မေ့သွားလို့ပါ

မေးခွန်းများ အသီအတန်းကြီး​ကြောင့်
စွံ့အသွား​သောရှီကျင်းသည်​ စာရွက်​များကို
ကြည့်​လိုက်​ လျန်​ကျွင်းကိုကြည့်​လိုက်​နှင့်
ထိုအချိန်​က သူ့အ​တွေးများကို ပြန်​စဉ်းစားဖို့
ကြိုးစားရသည်​။နောက်​ဆုံး၌ အားနည်းစွာ
ပြန်​​ဖြေသည်​။

"ကျွန်​​တော်​​မေ့သွားလို့ပါ. . .ကျွင်း​ရှောက်​ကို
ဖုံးကွယ်​ထားဖို့ တကယ်​မရည်​ရွယ်​ခဲ့ပါဘူး... "

သူအမှန်​တကယ်​ကို ​မေ့သွားခြင်းဖြစ်​သည်​။
ထို​နေ့က သူ့စိတ်​ထဲတွင်​ လျန်​ကျွင်းနှင့်​ချန်​ချင်
တွေ့ဆုံမှူအ​ပေါ်ကို အာရုံ​ရောက်​​နေခဲ့သည်​။
ပြီး​နောက်​ ရှီ​ဝေချုံး၏​ပေါက်​ကရစကားများ​ကြောင့်
လျန်​ကျွင်းစိတ်​ဆိုးသွားသလားဟူ၍
တောက်​လျှောက်​စိတ်​ပူ​နေမိရာ
မစ်​ရှင်​အ​ကြောင်း​ပြောပြချိန်​တွင်​ ထိုကိစ္စကို
ခေါင်းထဲမရှိသဖြင့်​ စာရင်းအ​ကြောင်းကို
ဘာမှမ​ပြောခဲ့ခြင်းဖြစ်​သည်​။
အိပ်​ယာထဲမလှဲခင်​အထိ သတိမရခဲ့တာ
ဖြစ်​သည်​။

သတင်းအချက်​အလက်​များစီစစ်​ခြင်းအကျိုးနှင့်
အဖျားဝင်​သွားကာ ရက်​အ​တော်​ကြာ 
ခေါင်းမကြည်​ခဲ့​ပေ။
သက်​သာလာပြန်​​တော့လည်း
သူ့အာရုံမှာ ရှီ​ဝေချုံး​နှင့်​ရွှီချွမ်​ဘက်​သို့
လှည့်​သွားပြန်​ဟည်​။ထို့​ကြောင့်
ပြန်​​ပေးဆွဲမည့်​စာရင်းကိစ္စကို လျန်​ကျွင်းအား​ပြောရန်​ 
လုံးဝစိတ်​မကူးခဲ့​ပေ။

အကျဉ်းချုပ်​လိုက်​ရင်​​တော့ ဒီတိုင်း
သူ​မေ့သွားခြင်းသက်​သက်​သာဖြစ်​သည်​။
သို့မဟုတ်​ ထိုအ​ကြောင်းကို လျန်​ကျွင်းဆီ
တင်​ပြသင့်​သည်​ဟု တစ်​ခါမှ
မ​တွေးမိခဲ့ခြင်း​ကြောင့်​ဖြစ်​မည်​။

လျန်​ကျွင်းသည်​ ရှီကျင်း၏ရိုးသားလှ​သော
အူလည်​လည်​ရုပ်​ကိုကြည့်​ရင်း အချိန်​ခဏ
စောင့်​ဆိုင်း​နေသည်​။သို့​သော်​ လူငယ်​​လေးသည်
တခြားဘာမှဆက်​မ​ပြော​တော့​သောအခါ
ပို၍ပင်​အမျက်​သည်းလာကာ

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now