|၄၈|

5.2K 943 41
                                    

အခန်း(၄၈)​Poison Formula

ထမင်းစားပွဲဝိုင်းရှိ​လေထုမှာ ချက်​ချင်း
တင်းမာလာခဲ့သည်​။
Gua Yiနှင့်​တခြားသူများသည်
ဆက်​လက်​ဟန်​​ဆောင်​မ​နေ​တော့ဘဲ
Old Ghostအား ဘွင်းဘွင်းရှင်းရှင်း
စိုက်​ကြည့်​ကြပြီး သူတို့မျက်​ဝန်း​များမှာ
လူသတ်​ချင်​​သောအ​ငွေ့အသက်
တ​ထောင်း​ထောင်းထလျက်​ရှိသည်​။

"မင်းယုံလား မယုံလား​တော့မသိဘူး...ဒါ​ပေမဲ့
လျန်​ကျွင်း...ငါ သူ့ကိုဖမ်းဆီးချင်​တာမှန်​​ပေမဲ့
မင်းကိုဆန့်​ကျင်​ဖို့နဲ့ အဲ့လူကိုအသုံးချဖို့
ငါတစ်​ခါမှမ​တွေးဖူးပါဘူး"

Old Ghostအသံမှာ ရိုး​ဖြောင့်​လျက်​ရှိသည်​။

သို့​သော်​ငြား လျန်​ကျွင်းသည်​ ထိုလူကို
ယုံရ​လောက်​သည်​အထိ တုံးအ,မ​နေပါ။

"အကယ်​၍ ခင်​ဗျားက ကျုပ်​ဆီက
အဆက်​အသွယ်​နဲ့မျက်​နှာသာရဖို့အတွက်​ပဲဆိုရင်
အဲ့လူအ​ကြောင်းစုံစမ်းမိတာနဲ့
ကျုပ်​ဆီ အလွယ်​​လေး
ဆက်​သွယ်​လိုက်​သင့်​တယ်​​လေ။
အဲ့တာက ခင်​ဗျားအတွက်​ ပိုအခွင့်​သာ​စေတယ်​..
Nine Eaglesနဲ့ရင်​ဆိုင်​စရာလည်း
မလို​တော့သလို ကျုပ်​​ကျေးဇူးတင်​တာကို
တောင်​ခံရဦးမှာ။အဲ့တာကို ခင်​ဗျားကို
ဒုက္ခများတဲ့လမ်းကို​ရွေးခဲ့တယ်​ဆို​တော့...
ရှင်းရှင်း​ပြောရရင်​ အားနာပါရဲ့၊
ခင်​ဗျားလုပ်​ပုံ​တွေက​နေ
ကောင်းတဲ့ရည်​ရွယ်​ချက်​တစ်​ခုမှမ​တွေ့မိဘူး"
 
လျန်​ကျွင်းစကားများ​ကြောင့်​ Old Ghost
ပါးစပ်​ပိတ်​သွားသည်​။ လျန်​ကျွင်း​ရှေ့တွင်
ဆက်​လက်​ဟန်​​ဆောင်​လို့မရမှန်း သူသိသည်​။
သေ​ရေးရှင်​​ရေးကြားထဲ​ရောက်​​နေ​သော
ညီအစ်​ကိုများကို ပြန်​​တွေးလိုက်​ရင်း
အမြဲတ​စေဆန့်​ဆန့်​ထိုင်​​နေ​သော ​ကျောပြင်​မှာ
ရုတ်​တရက်​​ကွေးညွှတ်​သွားရသည်​။
သူ့မျက်​နှာကို လက်​ဖြင့်​ ခပ်​ကြမ်းကြမ်း
ပွတ်​လိုက်​ပြီး ​ပြော​တော့သည်​။

"​အေး မင်း​ပြောတဲ့အတိုင်းပဲ၊ ငါဝန်​ခံပါတယ်​။
တစ်​ခုခုရဖို့အတွက်​ အဲ့ဆရာဝန်​ကိုအသုံးချဖို့
ငါတကယ်​ကြံစည်​ခဲ့တယ်​။ သူ့ဆီက​နေ
မင်းရဲ့အဆိပ်​​ဖော်​နည်းကို​တောင်
လိုချင်​ခဲ့တယ်​။
မင်း အဲ့တာကိုလိုအပ်​​နေတယ်​ဆိုတာ
သိကတည်းက​ပေါ့"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Nơi câu chuyện tồn tại. Hãy khám phá bây giờ