|၈|

5.8K 1.1K 51
                                    


အခန်း(၈) ​လေ့ကျင့်​ခြင်း

"ခင်​ဗျား​ပြော​တော့ ခင်​ဗျားက
လူဆိုးဂိုဏ်းစတား​ မဟုတ်​ပါဘူးဆို!"

" 'ခင်​ဗျား' မဟုတ်​ဘူး ။ 'ခင်​ဗျားတို့' လို့​ပြောရမှာ
ရဲ​ဘော်​​လေး"
Gua Erသည်​ သူ့အား အမှားပြင်​​ပေးသည်​။
ထို့​နောက်​ ရှီကျင်း၏ပုခုံးအားပုတ်​ကာ ပြုံးလျက်

"ကျင်းကျင်း​လေး, မင်း Gua Sanကို
ယုံကြည်​သင့်​တယ်​။ ငါတို့က တကယ်
ရိုးသားတဲ့စီးပွား​ရေးသမား​တွေပါဟာ"

ရှီကျင်းသည်​ ထိုသူ၏လက်​အား
ဖြတ်​ရိုက်​ကာဆိုသည်​။
"ဒါဆို ကျွန်​​တော်​မှန်းကြည့်​မယ်​။
ဒီကုန်​တင်​ကားထဲက သရက်​သီး​တွေက
တကယ့်​သရက်​သီး​တွေဟုတ်​ရဲ့လား"

"ဒါက​တော့.."
Gua Erသည်​ သူ့လက်​ကိုပြန်​ရုတ်​ကာ
ဖော်ရွေစွာ​မေးသည်​။
"ကျင်းကျင်း​လေး မင်းပင်​ပန်း​နေပြီလား။
ငါနဲ့​နေရာပြန်​လဲချင်​လား"

ခင်​ဗျား စကားလမ်း​ကြောင်းလွှဲချင်​တာကြီးက
သိပ်​​ပေါ်လွင်​​နေသလားလို့?

ရှီကျင်းလည်း ထိုသူအား လျစ်​လျူရှုလိုက်​ပြီး
လီဗာကိုသာနင်းလျက်​ ​ရှေ့ကားနှင့်
နီးကပ်​​အောင်​သာ ​မောင်းလိုက်​သည်​။

မနက်​အ​​စောပိုင်း​အချိန်​​ရောက်​​သောအခါ
ပို့​ဆောင်​​ရေးအဖွဲ့သည်​ ဖုန်​များ
တ​ထောင်း​ထောင်းထ​နေ​သော လမ်းမကြီးက 
သွေဖယ်​၍ ​တောအုပ်​အတွင်းပိုင်းသို့
ဦးတည်​သွားကြသည်​။ထို​တောနက်​သွားရာ
လမ်း​ကြောင်းမှာ ​ကောင်းစွာမညက်​​ညော​နေသဖြင့်
ရံဖန်​ရံခါမှ အသုံးပြု​သော
ယာယီလမ်း​ကြောင်းမှန်း သိနိုင်​သည်​။
ရှီကျင်းသည်​ ဒီအ​ခြေအ​နေလမ်း​ပုံစံမျိုးတွင်
ကုန်​တင်​ကားကြီးကို ​မောင်းနှင်​သည့်
အ​တွေ့အကြုံမျိုးမရှိ​ကြောင်း
ကိုယ့်​ကိုယ်​ကိုသိသဖြင့်
Gua Erကိုသာ လက်​လွှဲပြန်​​ပေးလိုက်​သည်​။

နောက်​ထပ်​ နာရီတစ်​ပတ်​စာခန့်​ကြာ​သောအခါ
အဖွဲ့သည်​ သူတို့၏ဦးတည်​ရာ
ပန်းတိုင်​ဖြစ်​သည့်​​တောအုပ်​အနက်​ပိုင်းထဲတွင်
လျှို့ဝှက်​စွာ တည်​ထား​သောရွာတစ်​ရွာသို့ 
ရောက်​ရှိကြ​တော့သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now