|၇၀|

1.5K 291 27
                                    

အခန်း(၇၀)ဝက်လိုအဖွဲ့သား

မြေအောက်ထပ်ရှိသန့်စင်ခန်းများသည် ဆေးရုံဝင်ပေါက်နှင့်အတော်အလှမ်းဝေးသည်။ရှီကျင်းသည် တစ်ဖက်လူဘက်မှစကားစပြောမည်ကို တမင်စောင့်နေသလို တိတ်တဆိတ်နေကာ ထိုနေရာသို့ တွန်းခေါ်သွားသည်။

ထောင့်တစ်နေရာကိုကွေ့ကာ အရေးပေါ်ခန်းရှိလူအုပ်များရဲ့မြင်ကွင်းမှမရှိတော့သည်နှင့် ဒေးဗစ်ဟာ ပေါ့ပေါ့ပါးပါးစကားဆိုလာသည်။
"အစ်ကိုကျို့ လို့ခေါ်တဲ့အဲ့တစ်ယောက်က--မင်းအစ်ကိုလား? တော်တော်ငယ်သေးတဲ့ပုံပဲ"

ဟေး...တကယ်ကို ဝေ့လည်ကြောင်ပတ်ချုံပတ်မရိုက်ဘူးပဲ --အဓိကသော့ချက်လူကို တန်းရှာတော့တာပဲနော်

လွယ်ကူသောပစ်မှတ်တစ်ခုအဖြစ်ဆက်လက်ဟန်ဆောင်ကာ ရှီကျင်းသည် မျက်တောင်မခတ် သတင်းပေးလိုက်သည်။
"မဟုတ်ဘူး..အစ်ကိုကျို့က ကျွင်း..ဟို ကျွန်တော့်ဘော့စ်က ဒီမှာတာဝန်ယူဖို့ထားခဲ့တဲ့သူပါ။သူကသုံးဆယ်နားနီးနေပြီ ဒီတိုင်းကလေးမျက်နှာလေးရှိလို့ပါ"

"သုံးဆယ်ပြည့်တော့မယ်? အို...တောင်းပန်ပါတယ်။ကျွန်တော်က တရုတ်လူမျိုးတွေအသက်ကိုခန့်မှန်းရာမှာ တကယ်ညံ့လို့ပါ။ ဟိုလေ...ဒီဆေးရုံကလူရှင်းနေတာပဲ။တခြားလူနာတွေမရှိဘူးလား?"
ဒေးဗစ်သည် 'သာမန်ကာလျှံကာ'ဆက်လက်မေးမြန်းသည်။

စိတ်ထဲတွင် ဒီလူရဲ့စိတ်မရှည်ပုံကိုကြိတ်ရယ်လိုက်ပြီး အပေါ်ယံတွင်တော့ ဆက်လက်မျောပါဟန်ဖြင့် "မရှိဘူး၊ဒီဆေးရုံက ကျွန်တော့်ဘော့စ်နဲ့စာချုပ်ချုပ်ထားလို့ ဒီအတောအတွင်းအပြင်လူနာလက်မခံဘူး။ ခင်ဗျားတို့အုပ်စုကတော့ အထူးချွင်းချက်ပေါ့"

ဒေးဗစ်ခမျာ ချမ်းသာသောဘော့စ်တစ်ယောက်ရဲ့လုပ်ပုံကိုင်ပုံများကို အံ့အားသင့်သွားရသော ဆင်းရဲသားလေးပုံစံဖြင့် ဆိုလာသည်။
"စာချုပ်ချုပ်တယ်?တကယ်ကြီး? ဒီလိုအဆင့်မြင့်ဆေးရုံမျိုးကို စာချုပ်ချုပ်ဖို့ဆို ငွေတော်တော်ကုန်မှာပဲ..ဘာလို့အဲ့လိုလုပ်တာလဲ သူ့မိသားစုဝင်တစ်ယောက်ယောက်များနေမကောင်းလို့လား?"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now