|၂၅|

4.3K 909 88
                                    

အခန်း(၂၅)ဆွဲဆိတ်​ခြင်း

ကား​မောင်း​သောလူငယ်​​လေးမေးချိန်​တွင်
ရှီကျင်း "သတိ​မေ့" ဟန်​​ဆောင်​ထားသည်​။
"သူ အိပ်​​ပျော်​သွားတာလား"

လူငယ်​​လေးသည်​ ရှီကျင်း ​သူ့စကားများကို
နား​ထောင်​​နေလား ​မေ့​မျောသွားသည်​လား
မ​ရေရာ​ပေ။

ကျောက်​​ပေါက်​ယွမ်​သည်​ လက်​လှမ်းကာ
ရှီကျင်း၏တင်​ပါးကို အားဖြင့်​ ဆွဲညစ်​လိုက်​သည်​။
ကောင်​​လေး နည်းနည်းမှမတွန့်​သွား​သောအခါ 
ကျေနပ်​စွာ​ပြော​​လေသည်​။

"​မေ့သွားပြီ. . . ဘူးတစ်​ဝက်​​လောက်
သောက်​လိုက်​​တော့ ည​နေအထိ 
လောကကြီးနဲ့အဆက်​ပြတ်​​နေမှာ"

ရှီကျင်းခဗျာ ​ကျောက်​​ပေါက်​ယွမ်​နှင့်​သူ၏
ဘိုး​ဘေးဘီဘင်​၁၀ဆက်​တိုင်​​အောင်
တိတ်​တဆိတ်​ ကျိန်​ဆဲ​နေမိသည်​။

ဒီလူယုတ်​မာက အားကြီးနဲ့ဆွဲဆိတ်​တာပဲ ! ​! !
ရှောင်​စစ်​သာမကူညီရင်​ နာလွန်းလို့
လှုပ်​မိသွားမှာ. . .
ဒါနဲ့ ဘာလို့ သူ့ဖင်​မှလဲ ? ငါ့ဖင်​​လေးက
ဘာအမှားမှမလုပ်​ထားပါဘူး !

လူငယ်​သည်​ ​ကျောက်​​ပေါက်​ယွမ်​၏
အရှက်​ကင်းမဲ့လှ​သောအပြုအမူကို
နောက်​ကြည့်​မှန်မှတဆင့့် မြင်​လိုက်​ရာ
သူ၏နှုတ်​ခမ်းတို့မှာ အထင်​​သေးစွာ
တွန့်​​ကွေးသွားသည်​။

"အဲ့​ကောင်​​လေးနဲ့ဘယ်​လိုလုပ်​မှာလဲ ?
အခုအချိန်​မှာ အစ်​ကိုwolfက
အ​ရေးကြီးတဲ့စီးပွား​ရေးကိစ္စ​ကြောင့်
တရုတ်​ပြည်​ကို အရဲစွန့်​ပြီးပြန်​လာရတာ၊
ဒါ​ကြောင့်​ ခင်​ဗျားလည်း ဖင်​မနိုင်​ဘဲ
ပဲကြီးဟင်းမစားနဲ့​နော်​"

"ငါသိပါတယ်​"
လျိုယွမ်​၏​လေသံမှာ ထို"အစ်​ကိုwolf"အား
ဂရုမထားဟန်​ ​ပေါ့ပျက်​ပျက်​ဖြစ်​သည်​။
သူသည်​ရှီကျင်း၏ခန္ဓာကိုယ်​အား
အထက်​​အောက်​စုံပြန်​ ကိုင်​ရင်း ​ပြောသည်​။
"ဝယ်​သူက ငါတို့ကို လွန်​ခဲ့တဲ့
ရက်​အနည်းငယ်​တည်းက မဆက်​သွယ်​​သေးဘူး၊ 
စောင့်​​ရင်းနဲ့​ပျော်​စရာ​လေးရှာတာ​ပေါ့. . . 
နောက်​မှ ဒီက​လေးကို တစ်​​နေရာဆီ 
ရောင်းလိုက်​မယ်​"

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now