|၇၃|

1.1K 257 24
                                    


အခန်း(၇၃)စာမေးပွဲနတ်ဘုရားဝင်ပူးခြင်း

ထိုညနေခင်းတွင်လျှင် ရှီကျင်းတစ်ယောက် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်အကြောင်းကို လူအားလုံးသိရှိသွားကြသည်။

ရှီကျင်း၏မျက်တွင်းဟောက်ပက်ဖြင့်မျက်နှာဖြူစုတ်စုတ်ကိုမြင်လိုက်ရသောအခါ Gua Erသည် ကိုယ်တိုင်ခံစားဖူးသောအတွေ့အကြုံအရ ဖြေသိမ့်ပေးနေ၏။
"မကြောက်နဲ့၊ဒါက နောက်ဆုံးကျတော့ စာမေးပွဲလေးတစ်ခုပါပဲ..ကြောက်စရာဘာရှိလဲ?နှစ်ရက်ထဲပါ၊ မင်းတောင်မသိလိုက်ဘဲ ခဏလေးနဲ့ ပြီးသွားမှာ"

ရှီကျင်းသည် ထိုသူအား ငေးကြောင်ကြည့်ရင်း
"ခင်ဗျားဖြေဖူးလား?"

"ဒါပေါ့" Gua Erပြန်ဖြေသည်။Laptopကို တတောက်တောက်ထိုင်နှိပ်နေသည့်Gua Jiuကို လက်ညှိုးထိုးပြပြီး ဆက်ပြောသည်။
"နိုင်ငံခြားပညာတော်သင်သွားခဲ့တဲ့Gua Jiuကလွဲရင် ကျွင်းရှောက်နဲ့တူတူ ဒီအဖွဲ့အစည်းထဲကြီးပြင်းလာတဲ့ငါတို့အားလုံး ဝင်ခွင့်စာမေးပွဲဖြေခဲဲ့ကြပြီး နိုင်ငံတွင်းတက္ကသိုလ်ဘွဲ့တစ်ခု ရှိကြတယ်လေ"

ရှီကျင်း တဖန်ပြန်လည်လန်းဆန်းတက်ကြွလာကာ "တကယ်လား? အထက်တန်းကို တရားဝင်တက်ခဲ့တယ်ပေါ့? သာမန်ဥပဒေဘောင်ထဲနေထိုင်တဲ့နိုင်ငံသားတွေလို တက္ကသိုလ်လေးနှစ်တက်ခဲ့တာလား?"

နောက်ဆုံးမေးခွန်းရဲ့အဖြေကို သူစိတ်ဝင်အစားဆုံးပင်!

"ဒါပေါ့..ကျောင်းသားအဖြစ် စာရင်းမဝင်ဘဲနဲ့ ဘယ်သူမှကောလိပ်ဝင်ခွင့်စာမေးပွဲဖြေမရဘူးလေ၊ကျင်းကျင်းလေး..မင်းသိချင်မဲ့​နောက်ထပ်တစ်ခုရှိဦးမယ်: 'Gua Yi' 'Gua Er'ဆိုတာက မြေအောက်လောကမှာရှိတဲ့ငါတို့ရဲ့code nameတွေပဲ။ ငါအပါအဝင်လူတိုင်းမှာ ကိုယ်ပိုင်နာမည်နဲ့ကိုယ်ရေးရာဇဝင်၊ကျောင်းအသင်းဝင်နဲ့ပညာအရည်အချင်း...ဒါတွေအားလုံးက ငါတို့နာမည်အရင်းတွေနဲ့ချိတ်ဆက်ထားရတာလေ။ဒီလောကကနေအပြီးတိုင်ထွက်ပြီးရင် ငါတို့ရဲ့identityအစစ်အမှန်တွေနဲ့ နေထိုင်ရမှာပေါ့"

Gua Erရှင်းပြရင်း ရှီကျင်းကို လက်မောင်းဖြင့်သိုင်းဖက်ကာ ပုခုံးကိပုတ်ပေးလိုက်သည်။
"အဲ့တာကြောင့်မို့ စာမေးပွဲကိုအကောင်းဆုံးဖြေ၊ဒါကမင်းအနာဂတ်ပဲ—ကျွင်းရှောက်က မင်းကောင်းဖို့အတွက်ပဲလုပ်နေတာ၊လက်ရှိအနေအထားအရဆို မင်းတက္ကသိုလ်ဝင်ပြီးရင် နှစ်စလောက်ပဲကျောင်းကို အယောင်ပြသွားရမှာ ပြီးတဲ့အခါကျ နှစ်ကုန်စာမေးပွဲဖြေတဲ့အချိန်ပဲသွားရတော့မှာ။ ငါတို့လည်း အဲ့လိုလုပ်ခဲ့တာပဲမို့၊အချိန်ရှိတဲ့အခါ အဖွဲ့အစည်းထဲကဆရာတွေဆီ အတန်းတက်တယ်၊ကျောင်းကိုနေ့တိုင်းသွားစရာမလိုဘူး၊ မင်းရဲ့လက်ရှိအခြေအနေနဲ့မထူးမခြားပါပဲ လွတ်လပ်တယ်...အဲ့တာကြောင့် ကျွင်းရှောက်အနားမနေရတော့မှာကို ပူမနေနဲ့"

You've reached the end of published parts.

⏰ Last updated: Mar 17 ⏰

Add this story to your Library to get notified about new parts!

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now