|၂၆|

4.4K 910 67
                                    

အခန်း(၂၆) 00J

ဤသည်​မှာ အဆုံးသတ်​ဟု မဆိုရ​သေး ။
ပျော်​စရာ​တွေက အခုမှစတင်​မှာဖြစ်​သည်​ __
အရာရာက ပို၍ပင်​ စိတ်​ဝင်​စားစရာ
ကောင်းလာ​တော့မည်​ ။

ရှီကျင်းအား ပိုက်​ဆံထိုး​ပေးပြီး​နောက်​မှာ
ကျောက်​​ပေါက်​ယွမ်​သည်​ တစ်​​နေရာမှာ 
သေနတ်​တစ်​လက်​ကိုဆွဲထုတ်​ကာ
ရှီကျင်းလက်​အတွင်းထည့်​​ပေးပြီး 
သွေး​ဆောင်​လှည့်​ဖျား​တော့သည်​။

"ဒါက မင်းကိုယ်​မင်း ကာကွယ်​ဖို့ ၊
ရှောင်​ရွမ်​. . .
အမှန်​အတိုင်း​ပြောရရင်​ ငါ့မိတ်​​ဆွေ​တွေက
မသန့်​ရှင်းတဲ့စီးပွား​ရေးကိစ္စ​တွေမှာ
ပါဝင်​ပတ်​သတ်​​နေတယ်​။ သူတို့က ငါ့ကိုပါ
ပူး​ပေါင်း​စေချင်​ကြပင်​မဲ့ ငါကသ​ဘောမတူခဲ့ဘူး၊
အကျိုးဆက်​က​တော့ ငါ့မိသားစုရဲ့
အသက်​အန္တရာယ်​ကိုပါ သူတို့ခြိမ်း​ခြောက်​လာတယ်​. . ."

လျိုယွမ်​၏အသံမှာ ဘဝကံကြမ္မာဆိုးကြီးကို
အလူးအလဲခံစား​နေရသလို ထိုသူစကား​ပြောတိုင်း
အမှန်​တကယ်​ပင်​မတည်​ရှိ​နေ​သော
မျက်​လုံး​ထောင့်​မှ မျက်​ရည်​စများကိုပင်
လက်​ဖြင့်​ ဖိသုတ်​သည်​။

အမ​လေး. . .ခင်​ဗျားက
အနုပညာ​ကျောင်းဆင်းများလား. . ?

ထိုကဲ့သို့ ရှီကျင်း​တွေးမိ​သော်​ငှါး မျက်​နှာထက်​တွင်​ 
ဖြောင့်​မတ်​မှန်​ကန်​​သော မခံမရပ်​နိုင်​​သည့်
ဒေါသများချိတ်​ဆွဲကာ ဆိုသည်​။

"မိသားစုနဲ့ ခြိမ်း​ခြောက်​တယ်​. . .? သူတို့က
အကိုရဲ့ သူငယ်​ချင်း​တွေ မဟုတ်​ဘူး ! "

"ဒါ​တွေက အ​ရေးမပါ​တော့ပါဘူး. . .ငါ့မှာ
ရွေားချယ်​စရာမှမရှိတာ ၊ ငါသူတို့ကိုကူညီ​ပေးရင်
ငါ့မိသားစု​တွေကို မထိခိုက်​​စေ​တော့ဘူးထင်​တာ။
ငါ့ကိုသတ်​ဖို့ကြံစည်​တဲ့အထိ​တောင်
မထင်​ထားမိခဲ့ဘူး ! အားလုံးငါ့အမှားပါ. . ငါသာ
မင်းကို ဘူတာရုံမှာ စကားလာမ​ပြောခဲ့ရင်​၊
မင်းပိုက်​ဆံရှာရဖို့ မကူညီချင်​ခဲ့ရင်​ မင်းဒီလို
ငါနဲ့အတူ သားရဲတွင်းထဲ​ရောက်​လာမှာမဟုတ်​ဘူး။
ဒါပင်​မဲ့လည်း မင်းကို​ကျေးဇူးလည်း
တင်​ပါတယ်​။ မင်းသာ အဲ့စကား​တွေမကြားခဲ့ရင်
ငါတို့ဘယ်​လို​သေလို့​သေသွားမှန်း​တောင်
သိလိုက်​မှာမဟုတ်​ဘူး။ ​ရှောင်​ရွမ်​. . .အစ်​ကိုလျို
မင်းကို​တကယ်​​တောင်းပန်​ပါတယ်​၊
အစ်​ကိုလျိုသာ မင်းအ​ပေါ်မ​ကောင်းခဲ့ရင်
ဒီလိုအရှုပ်​အ​ထွေးမျိုးထဲ မင်း​ရောပါလာမှာ
မဟုတ်​ဘူး "

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now