|၆၉|

1.2K 254 20
                                    

အခန်း(၆၉)ဒေးစ်

Tနိုင်ငံ၊Cမြို့။

Gua Erသည် အလောင်းကိုသေချာအောင် စစ်ဆေးနေသည်။ဓားမြှောင်ကိုဆွဲထုတ်ကာ မုတ်ဆိတ်ထူထူကို ထပ်ကြမ်းကြမ်းရိတ်ချလိုက်ပြီး မျက်နှာကိုအသေးစိတ်ကြည့်ရှုလိုက်သည်။
"တကယ်ပဲ မုန်လမဟုတ်ဘူး"
ဆုံးဖြတ်ချက်ချပြီးအဆုံးမှာ အမူအရာပျက်ယွင်းစွာ "မျက်နှာပေါက်ကဆင်ပေမဲ့ မုန်လနဲ့မတူဘဲ အသားအရည်ကနဂိုညိုတာမဟုတ်ဘဲ အချိန်တိုတစ်ခုအတွင်း မဲအောင်လုပ်ထားတဲ့ပုံပဲ"

Gua Yiသည် တိုက်ပွဲအကျိုးဆက်များကိုဖြေရှင်းပြီး ဒီဘက်သို့လျှောက်လာသည်။နှစ်ဦးလုံးအမူအရာမကောင်းသည်ကိုသတိပြုမိရာ မျက်မှောင်ကြုပ်မိပြီး "ဘာဖြစ်လို့လဲ?"

Gua Erသည် အကျိုးအကြောင်းရှင်းပြလိုက်သည်။

ထိုအခါ Gua Yi မျက်နှာသည်လည်း တစ်ပုံတည်းပြောင်းလဲသွားပေမဲ့ လျန်ကျွင်းတို့အား စိတ်အေးစေရန်ပြောပြသည်။
"ဓားစားခံအားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။မုန်လကိုမရှင်းနိုင်တာနှမြောစရာကောင်းပေမဲ့ သူကဒီစစ်ဆင်ရေးရဲ့အဓိကပစ်မှတ်မှမဟုတ်တာ...ဒါကြောင့် တအားခေါင်းထဲမထည့်ပါနဲ့--"

ထိုစဉ်သူ့အသံမှာ Old Ghost၏အလန့်တကြားအော်ဟစ်သံကြား နှစ်မြုပ်လုနီးပါးဖြစ်သွားရသည်။
သူ့အသံဟာ အားလုံးရဲ့အာရုံစိုက်မှုကိုရသွား၍ အပြေးသွားကြည့်ကြသည်။

"ဘာတွေဖြစ်နေတာလဲ?"
Gua Yiသည် အနီးရောက်သည်နှင့် မေးလာသည်။

Old Ghostသည် မြေပြင်ပေါ်မှလက်အောက်ငယ်သားတစ်ဦးကိုဖေးမပေးကာ
"သူတို့အားလုံးမူးဝေပြီး ရုတ်တရက်ကြီး အော့အန်နေကြတယ်။တစ်ခုခုတော့မှားနေပြီ!"

"ဘော့စ်..ကျွန်တော်နေလို့မကောင်းဘူး..."
သူဖေးမပေးထားသောလူသည် ခက်ခက်ခဲခဲထုတ်ပြောပြီး ဘေးသို့ခေါင်းလှည့်ကာ ထပ်မံအော့အန်ချလျက် မျက်နှာအရောင်မှာပိုမိုဆိုးရွားလာသည်။

Gua Erသည် ကယ်ဆယ်ထားသောPhantomအဖွဲ့သားများကို တစ်ချက်ဝေ့ကြည့်ပြီး လက္ခဏာများကိုမှတ်သားလိုက်ပြီး ရုတ်ချည်းတစ်ခုခုကိုအမှတ်ရသွားကာ အမူအရာပြောင်းသွားသည်။
လျန်ကျွင်းဘက်လှည့်လိုက်ကာ
"ကျွင်းရှောက်..သူတို့တွေ..."

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz