|၅၂|

3.5K 817 67
                                    

အခန်း(၅၂)Mermaid

လျန်ကျွင်းလည်း ရှီကျင်းကိုလှမ်းကြည့်မိကာ
အနီးသို့ရွေ့လာပြီး လွတ်နေသောဘယ်လက်ကို
ဖမ်းကိုင်လိုက်သည်။ ထို့နောက် ဖွဖွလေးဖိညစ်ကာ
ချော့ပြောသည်။

"ဒေါသမထွက်နဲ့....မတန်ဘူး"
လျန်ကျွင်း၏အသံမှာ ဖော်ပြမရလောက်အောင်
နူးညံ့နေသည်။

ရှီကျင်းသည်လည်း လျန်ကျွင်းလက်ကို
ခပ်တင်းတင်း ဆုပ်ထွေးလိုက်သည်။

ရှောင်စစ်မှ အံ့သြတကြီးအော်ဟစ်မိသည်။
ရုတ်တရက်ကြီး အနာဂတ်က
ထွန်းတောက်လာသလိုပဲ။

Gua Yiနှင့်တခြားသူများသည် ထိုနှစ်ဦးကို
ကြည့်နေမိပြီး တစ်ချို့ဆို သေချာသဲသဲကွဲကွဲ
မြင်ရဖို့ ဘေးဘက်ကို ကိုင်းကာ ဆုပ်ထွေးထားသော
လက်တစ်စုံကို စိုက်ကြည့်နေကြသည်။
သူတ်ု့မြင်တွေ့ရသည်ကို မယုံကြည်နိုင်ဖြစ်ကာ
မျက်ဝန်းများ ဝိုင်းစက်လျက်ပင်။

ဒါဟာ တင်းမာနေသောအခိုက်အတန့်မျိုး
ဖြစ်နေပေမဲ့ လေထဲတွင် ပန်းရောင်ပူဖောင်းလေးများ
လွင့်မြောနေသလား အောက်မေ့ရသည်။

ထိုကိစ္စအပေါ်အာရုံမရှိသော ရှီကျင်းကတော့
လျန်ကျွင်းကို အနောက်သို့ပြန်ဆွဲခေါ်ကာ
မျက်ခုံးတို့တွန့်ချိုးလျက် သတိပေးသည်။

"ကျွင်းရှောက် အနားသိပ်မကပ်နဲ့...လုံရှီက
တစ်ခုခုမသင်္ကာစရာကောင်းနေတယ်"

သူသည် ဝှီးချဲရှေ့တွင်ရပ်ကာ ထိုသစ္စာဖောက်ကို
သေနတ်ဖြင့် ချိန်ထားဆဲဖြစ်သည်။

လူငယ်လေး သေနတ်ဆွဲထုတ်လိုက်တည်းက
လုံရှီလည်း အပေါက်ပိတ်သွားတာဖြစ်သည်။
ရှီကျင်းနှင့်လျန်ကျွင်းကြားက အပြူအမူကို
မြင်လိုက်သောအခါ သူ့မျက်နှာရှုံ့တွသွားပြီး

"ကျွင်းရှောက်! သူကဘယ်သူလဲ?
ကျွန်တော့်ကို သေနတ်နဲ့ချိန်ထားတဲ့
ကောင်စုတ်က ဘယ်သူလဲ? ဘာလို့ သူက
ကျွင်းရှောက်ကို ထိနိုင်ရတာလဲ..ဘာလို့လဲ!"

လျန်ကျွင်းမျက်နှာအုပ်မှိုင်းသွားသည်။
သူ ပါးစပ်ဟမည်ကြံစဉ်မှာပဲ ရှီကျင်းက
သေနတ်မောင်းကိုဆွဲလိုက်တော့သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now