|၃၈|

4.5K 966 81
                                    

အခန်း(၃၈)​တောင်းပန်ပါယ်

"မစားဘူးလား? ဒါဆိုဘာစားတာလဲ..
ကော်​ပြန့်​? မုန့်​လုံး​ရေ​ပေါ် ? ကိစ္စမရှိဘူး..
ကျွန်​​တော်​လုပ်​တတ်​တယ်​"

ရှီကျင်းသည်​ အားကုန်​ထုတ်​ကာ
ဆွဲ​ခေါ်​နေ​သော်​လည်း
သူ၏ရုပ်​ပိုင်းဆိုင်​ရာအ​ခြေအ​နေက
အလွန်​အားနည်း​နေသည့်​အတွက်
လီကျိုးကျန့်​ကို နည်းနည်းမှ​ရွေ့​အောင်
မလုပ်​နိုင်​​ပေ။အဆုံး၌ လက်​​လျော့လိုက်​ကာ
အစ်​ကို၏လက်​​မောင်းကိုသာ ဖက်​ပြီး
လျန်​ကျွင်းဘက်​သို့ ​ခေါင်းလှည့်​​ပြောသည်​။

"ကျွင်း​ရှောက်​ , ​နွေဦးပွဲ​တော်​ဆီ
အစ်​ကိုငါးကိုပါအတူ​ခေါ်သွားချင်​တာ ဒါ​ပေမဲ့
သူ့ကို​ရွေ့လို့လည်းမရဘူး...ကူပါဦး "

လီကျိုးကျန့်​၏မျက်​ခုံးများ
တွန့်​​ကွေးသွားကာ ရှီကျင်းဆီမှ
လက်​ကိုပြန်​ဆွဲထုတ်​သည်​။

အနီးသို့​ရောက်​လာ​သောလျန်​ကျွင်းသည်
ရှီကျင်း၏စကားများကိုကြား​သောအခါ
မျက်​နှာမှာ မဲချိတ်​သွားသည်​။
လီကျိုးကျန့်​အားလျစ်​လျူရှုရင်း
ရှီကျင်း၏ပုံစံကို အ​ပေါ်​အောက်
သေချာအကဲခတ်​ပြီးမှ ဝှီးချဲကိုတွန်း​ပေး​နေသည့်
Gua Yiကို ရပ်​ရန်​အချက်​ပြလိုက်​သည်​။
ထို့​နောက်​ ​ဒူး​ပေါ်မှ​စောင်​ကို​ခေါက်​ကာ
ခြေ​ထောက်​များကို ​ရှေ့သို့ချပြီး
မတ်​တပ်​ရပ်​လိုက်​​တော့သည်​။
ရှီကျင်းအား လက်​လှမ်းမှီ​သောအကွာအ​ဝေး
ရောက်​သည့်​အထိ ​ခြေနှစ်​လှမ်း လှမ်းလိုက်​သည်​။
ပြီးသည်​နှင့်​ ရပ်​ပြီး လူငယ်​​လေးကို
သူ့လက်​​မောင်းကြားထဲ ဆွဲ​ခေါ်လိုက်​သည်​။
 

ရှီကျင်း : “!!!”

"မင်းနဲ့​နောက်​မှရှင်းမယ်​"

ရှီကျင်းကို တိုးတိုး​ပြောလိုက်​သည်​။
သတိထားမိရန်​ခက်​ခဲလှ​သော်​လည်း
လျန်​ကျွင်း၏အမူအရာမှာ အ​တွေးနက်​​နေပုံ
ထောက်​သည်​။သူ့ပုခုံးထက်​သို့
ရှီကျင်း၏​ခေါင်းကိုမှီ​စေပြီး ကျန်​လက်​တစ်​ဖက်​ဖြင့်​ 
စောင်​ခြုံ​ပေးကာ လက်​​မောင်းကြားထဲ
တင်းတင်းကျပ်​ကျပ်​ စည်းထုပ်​​ပွေ့ဖက်​ထား
လိုက်​သည်​။ထို့နောက် လီကျိုးကျန့်​ဆီသို့ 
အေးစက်​စက်​အကြည့်​တစ်​ချက်​ပစ်​​ပေးကာ
ကိုယ်​ကိုလှည့်​ပြီး ဝှီးချဲဆီသို့​လျှောက်​သွားသည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now