|၅၅|

4.5K 944 70
                                    


အခန်း(၅၅)ဇာတ်လိုက်ရောင်ဝါ

ထို့နောက်တွင်တော့ ရှီကျင်းသည် ကမ္ဘာပေါ်တွင်
အလိမ္မာဆုံးသောလူနာလေးတစ်ယောက်
ဖြစ်လာတော့လေသည်။
လျန်ကျွင်း ရေသောက်ခိုင်းလျှင် သောက်သည်။
အပေါ့သွားခိုင်းလျှင် သွားသည်။ လက်ဆေးဆိုလျှင်
ဆေးသည်။ စားလိုက် အိပ်လိုက်နှင့် သူအဲ့လောက်
စကားနားထောင်နေတာက ယုံကြည်ဖို့
တော်တော်ခက်လှသည်။

နေ့လည်စာစားပြီးချိန်တွင် လူငယ်လေး
အစာကြေသည်အထိ လျန်ကျွင်းဟာ ရှီကျင်းနှင့်အတူ
မာကျောက်ကစားပေးနေသည်။
ညနေပိုင်းတရေးအိပ်ဖို့လုပ်ခိုင်းစဉ်မှာပဲ တံခါးခေါက်သံ
တစ်ခုထွက်ပေါ်လာသည်။

ထိုအခါ ရှီကျင်းသည် မာကျောက်ဂိမ်းကိုပင်
လျစ်လျူရှုကာ ချက်ချင်းဆိုသလို လှမ်းကြည့်သည်။

လျန်ကျွင်းလည်း သူ့ကိုတစ်ချက်ကြည့်ကာ
စောင်ခြုံပေးရင်း လာရောက်သူကို အထဲသို့
ဝင်လာရန်ပြောလိုက်သည်။

Gua Wuသည် တံခါးကိုဖြည်းညှင်းစွာဖွင့်ပြီး
အထဲဝင်လာချိန် ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့်
မျက်လုံးများဝိုင်းစက်ကာ တစ်အောင့်မျှ
တောင့်ခဲသွားလေသည်။ ထို့နောက် သူသည်
ရှီကျင်းကိုပြုံးပြကာ လျန်ကျွင်းကိုကြည့်ပြီး
ဖုန်းလာနေကြောင်း ခြေဟန်လက်ဟန်ဖြင့်
ပြောပြသည်။

"Phantomဘော့စ်ဆက်တာ...ကျွင်းရှောက်နဲ့
စကားပြောချင်လို့တဲ့"

လျန်ကျွင်း ခေါင်းညိတ်လိုက်သည်။ပြီးသော်
ရှီကျင်းဘက်သို့ လှည့်ပြီး
"ကိုယ် ဖုန်းသွားပြောလိုက်ဦးမယ်။ ပြီးတာနဲ့
ပြန်လာမယ်နော်"

ထိုအခါ ရှီကျင်းသည်လည်း သူအဆင်ပြေကြောင်းနှင့်
ကိစ္စမရှိကြောင်း မြန်မြန်ဆန်ဆန်ပြောလေသည်။

လျန်ကျွင်းသည် သူ့၏အူလည်လည်ပုံစံကို
ကြည့်နေမိသည်။

ကြည့်ရတာ ဒီကောင်လေးဟာ
မနက်ကအနမ်းနှစ်ပွင့်နဲ့တောင် အပြည့်အဝ
မခံစားမိသေးဘူးထင်တယ်

လျန်ကျွင်း၏အကြည့်များမှာ မဲမှောင်သွားပြီး
ရှီကျင်းလက်ကို ဆွဲယူကာ နမ်းရှိုက်လိုက်တော့သည်။
ထို့နောက် ဝှီးချဲကိုလှည့်ကာ တံခါးဆီသို့
ဦးတည်သွားလိုက်သည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now