|၅၇|

4K 839 72
                                    


အခန်း(၅၇)ရှယ်ယာများ

ရှီကျင်းသည် အလောသုံးဆယ်ဖြင့်ပြေးထွက်
လာသဖြင့် ခေါင်းဖြီးဖို့ရော မျက်နှာသန့်စင်
ဆေးကြောဖို့ကိုပါ မေ့လျော့သွားလေသည်။
ကြွက်သားဒဏ်ကြောင့် ကို့ရိုးကားယားဖြစ်နေသော
ခြေလှမ်း၊ ငှက်သိုက်ကဲ့သို့ဆံပင်စုတ်ဖွားနှင့်
ဖိုသီဖတ်သီအဝတ်အစားတို့ကြောင့် သူ့ပုံစံမှာ
စိတ်ဝေဒနာရှင်လူနာနှင့် တော်တော်လေး
ဆင်နေသည်။

ဒီလိုရုတ်တရက်ဆန်စွာထွက်လာခြင်းကြောင့်
တံခါးအပြင်ဘက်တွင်ရပ်နေသောGua Wuပင်
လန့်ဖြန့်ကာ တုံ့ပြန်ဖို့ တစ်စက္ကန့်လောက်နှောင့်နှေး
သွားသည်။ရှီကျင်းကို တားချင်သော်လည်း
သူဘာမှမလုပ်နိုင်ခင်တွင် လူငယ်လေးသည်
ထောင့်ကွေ့တစ်နေရာမှထွက်လာသော
ဝတ်စုံပြည့်ဝတ်ထားသည့်အရပ်ရှည်ရှည်လူ
တစ်ယောက်ကို ဝင်တိုက်မိလေရာ
Gua Wuဇဝေဇဝါဖြစ်သွားသည်။

အမျိုးသားတစ်ယောက်?

အခုသူတို့က ပုဂ္ဂလိကဆေးရုံမှာလေ
ပြီးတော့ Annihilationက ဒီတစ်ထပ်လုံးကို
ထိန်းချုပ်ထားတာလေ...ဘယ်လိုဖြစ်ပြီး
အပြင်လူတစ်ယောက်က ဒီကိုရောက်လာတာလဲ?

Gua Wuသည် မျက်မှောင်ကြုပ်ကာ
သူတို့ဆီသို့ ခပ်မြန်မြန်သွားလိုက်သည်။
သို့သော်လည်း ထိုသူ၏မျက်နှာကိုမြင်လိုက်ရစဉ်
သူအနည်းငယ်လန့်သွားမိသည်။ ထို့ကြောင့်
အရှေ့သို့ခြေလှမ်းကာ ရှီကျင်းကို သူ့အနောက်တွင်
ထားပြီး မသိမသာကာကွယ်ပေးလျက်
မေးမြန်းလိုက်သည်။

"မစ္စတာရှီက ဘာကိစ္စဒီကိုရောက်နေရတာပါလဲ?"

အမှန်တကယ် သူမေးပစ်လိုက်ချင်သည်မှာ
တစ်ဖက်လူက ဒီအလွှာကို ဘယ်လိုရောက်လာ
တာလဲဆိုတာကိုဖြစ်သည်။

ဤသည်မှာ ရှီကျင်း၏လမ်းကြောင်းပေါ်
အမှတ်မထင်ဘဲ အတားအဆီးတစ်ခုဖြစ်လာခဲ့သော
မတွေ့တာကြာပြီဖြစ်သည့်ရှီဝေချုံးဖြစ်လေသည်။
သူ့ကြည့်ရတာ အချိန်တော်တော်ကြာခရီးနှင်
လာရပုံပေါက်နေသည်။သူ့မျက်နှာမှာ
မျက်တွင်းများချောင်ကျနေပြီး မသေမသပ်
ဖြစ်နေသောဆံပင်နှင့် အဝတ်အစားများမှာလည်း
တွန့်ကြေနေသည်။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now