|၃၃|

4.3K 862 34
                                    

အခန်း(၃၃)​ငွေက်​​ကောက်များ

ထို့​နောက်​တွင်​ ရွှီချွမ်​သည်​ ပါးစပ်​ပိတ်​ကာ
ရှီကျင်းနှင့်​ရှီ​ဝေချုံးအား ဆက်​မကြည့်​​တော့ဘဲ
ခေါင်းငုံ့​နေလိုက်​သည်​။သူ့ကြည့်​ရတာ
ဘာမှဆက်​​ပြောချင်​စိတ်​မရှိ​တော့ပုံဖြစ်​သည်​။

ရှီ​ဝေချုံးသည်​ သူ့အား အမျိုးမျိုး ရန်​စကား
ပြော​​သော်​လည်း အသုံးမဝင်​​ချေ။

ရွှီချွမ်​သည်​ ရှီရှင်းရွယ်​၏အကြံ​ပေးအဖြစ်
နှစ်​အ​တေယ်​ကြာအလုပ်​လုပ်​လာသူဖြစ်​၍
လက်​ရှိသူ့မိသားစုအ​ခြေအ​နေကိုလည်း
သ​ဘော​ပေါက်​ပြီးဖြစ်​သည်​။အောင်​မြင်​​သော
ရှေ့​နေတစ်​​ယောက်​အဖို့ ဤသို့လှုံ​ဆော်​မှုများ
လောက်​နှင့်​မတုန်​လှုပ်​​ပေ။သူ စကားမ​ပြောဖို့
စိတ်​ပိုင်းဖြတ်​ထားလျှင်​ ဘယ်​အရာမှ သူ့အား
တွန်​အားမ​ပေးနိုင်​​ပေ။

စကားဝိုင်းမှာ တိတ်​ဆိတ်​​နေသည့်​အတွက်
ရှီကျင်းသည်​ ရွှီချွမ်​အားကြည့်​ကာ
ဒုတိယ​မြောက်​​မေးခွန်းကို ​မေးလိုက်​သည်​။

"ကျွန်​​တော့်​ကိုကြည့်​ပြီး ဘယ်​သူ့ကို
မြင်​​​ယောင်​မိလို့လဲ ? "

ရှီ​ဝေချုံး မျက်​​မှောင်​ကြုတ်​သွားသည်​။

ရှီချွမ်​သည်​ ​ခေါင်း​မော့လာပြီး ရှီကျင်းကို
တိတ်တဆိတ်​​ထပ်​ကြည့်​လိုက်​သည်​။

"ကျွန်​​တော်​ ဝတုန်းက ခင်​ဗျားအဲ့လို
မကြည့်​ဖူးပါဘူး "

ရှောင်​စစ်​အား buffအ​သေးတစ်​ခု
ထည့်​ခိုင်းပြီး ရွှီချွမ်​၏မျက်​လုံးကို
တည့်​တည့်​ကြည့်​လိုက်​သည်​။ထို့​နောက်
အသံကို ​ပျော့​ပြောင်း​စေကာ
စကားကို​ဖြည်းဖြည်းချင်း ​ပြောသည်​။

"ကျွန်​​တော်​က ကျွန်​​တော့်​အ​မေနဲ့ဆင်​တယ်​လို့
တတိယအစ်​ကိုက​ပြောတယ်​။ ခင်​ဗျား
အ​မေ့ကိုသိလား ? "

ရွှီချွမ်​သည်​ ရှီကျင်း၏မျက်​နှာကို 
စေ့​စေ့စပ်​စပ်​ကြည့်​​နေသည်​။
သူ၏မျက်​လုံးများသည်
လူငယ်​​လေး၏မျက်​ခုံးမှတဆင့်​ နှာ​ခေါင်း၊
ထိုမှတစ်​ဆင့်​ နှုတ်​ခမ်းဆီသို့ဖြစ်​သည်​။
ထိုသူ၏လည်​စိမှာ အ​ပေါ်​အောက်
လှုပ်​ရှားသွားပြီး

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]Where stories live. Discover now